Health

နာနတ်သီးအစားများတဲ့အခါ လျှာတွေနာလာရတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရင်းကို သိထားသင့်ပါတယ်…

Zawgyi Font : နာနာတ်သီးဟာ လူတွေနှစ်ခြိုက်စွာ စားသုံးလေ့ရှိတဲ့ အဓိကအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အချို့လူတွေက နာနတ်သီးစားတဲ့အခါတိုင်း စားပါများရင် လျှာက တစ်မျိုးကြီးဖြစ်သွားတယ်၊ လျှာနာလာတယ်ဆိုတဲ့ ငြီးငြူသံကို ကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ကြုံတွေ့ဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ဘာကြောင့်များ နာနတ်သီးစားရင် ခံတွင်းနာလာရသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အကြောင်းရင်းကတော့ နာနတ်သီးထဲမှာပါဝင်တဲ့ ဘရိုမီလိန်းအမည်ရတဲ့ အင်ဇိုင်းတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဘရိုမီလိန်းက ပရိုတိန်းဓာတ်တွေကို ဖြိုခွဲနိုင်စွမ်းရှိပါတယ်။ ဆိုလိုတာက သူဟာ ခံတွင်းထဲက ပရိုတိန်းတွေကို ဖြိုခွဲပစ်လိုက်တာပါ။ အပြင်မှာတော့ ဘရိုမီလိန်းအင်ဇိုင်းတွေကို အသားတွေ နူးညံ့စေဖို့အတွက် အသုံးချလေ့ ရှိပါတယ်။ နာနတ်သီးကို ၀ါးပြီး မြိုချလိုက်တဲ့အခါမှာတော့ ဗိုက်ထဲမှာ တစ်စုံတစ်ရာ ကသိကအောက် ဖြစ်တာမျိုး မရှိတော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ခံတွင်းထဲက တံတွေးနဲ့ အစာအိမ်အက်ဆစ်တွေက ဒီအင်ဇိုင်းကို ၀ါးမြိုသွားတာကြောင့်ပါ။ ဘရိုမီလိန်းအင်ဇိုင်းဟာ ခံတွင်းထဲက ပရိုတိန်းတွေကို ဖြိုခွဲလိုက်တဲ့အတွက် လျှာဟာ ပရိုတိန်းနဲ့ အမိုင်နိုအက်ဆစ်တွေကို အသစ်အတိုင်း ပြန်လည်တည်ဆောက်ပေးရတဲ့အတွက် လျှာမှာ နာကျင်မှူကို ခံစားရတာ ဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာတစ်ခုရှိပါတယ်။ ပီဇာထဲမှာပါတဲ့ နာနတ်သီးတွေကျတော့ ဘယ်လောက်စားစား ဘာကြောင့် လျှာမနာရသလဲ ဆိုတာပါ။ အကြောင်းကတော့ နာနတ်သီးတွေကို ချက်ပြုတ်လိုက်လို့ ဖြစ်ပါတယ်။ နာနတ်သီးတွေထဲမှာပါတဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာ (၄၈) ဒီဂရီစင်တီဂရိတ်အထက် ရောက်တဲ့အခါ သဘာဝအလျောက် ဓာတ်ပြယ်သွားပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ လျှာမှာ နာတာ၊ ရှတတဖြစ်တာမျိုးတွေကို မခံစားရတော့ပါဘူး။ ဒါပေမယ့် နာနတ်သီးကို ချက်ပြုတ်ထားတာမဟုတ်ပဲ အစိမ်းမှ ကြိုက်နှစ်သက်သူတွေအတွက်တော့ နာနတ်သီးရဲ့ အလယ်အူတိုင်နဲ့ အရိုးတွေကို ရှောင်ကြဖို့ သတိပေးလိုက်ပါရစေ။ ဘာကြောင့်လည်းဆိုတော့ ဘရိုမီလိန်းတွေက အဲ့ဒီနေရာတွေမှာပိုပြီး သိပ်သိပ်သည်းသည်း ရှိနေတာကြောင့် စားပါများရင် လျှာတွေ အာခေါင်တွေ ပေါက်နိုင်ပါလိမ့်မယ်။ တကယ်လို့ နာနတ်သီးကို စားရတာ အရမ်းကြိုက်တယ်၊ ဒါပေမယ့် ထပ်မစားနိုင်တော့လောက်အောင် လျှာတွေနာနေပြီဆိုရင်တော့ ဒိန်ချဉ်နဲ့ကုစားနိုင်ပါလိမ့်မယ်။ ဒိန်ချဉ်ကိုဇွန်းအပြည့်နဲ့ တစ်ဇွန်းလောက်သာ စားလိုက်ပါ။ ဒါဆိုရင် ဘရိုမီလိန်းအင်ဇိုင်းတွေက ခံတွင်းထဲမှာရှိတဲ့ ပရိုတိန်းတွေကို ခြေဖျက်မယ့်အစား ဒိန်ချဉ်ထဲက ပရိုတိန်းတွေကို လိုက်ခြေဖျက်တော့တာကြောင့် လျှာနာတာ အမြန်ဆုံးသက်သာသွားမယ့်အကြောင်းကို worldofbuzz ကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

Source : Brightside

Photo : Unsplash


Source : Brightside

Photo : Unsplash

Comment here