Celebrity

အထာကျပြီး ပေါ့ပါးတဲ့ ဖက်ရှင်နဲ့ ဂေါ်နေတဲ့ သန္တာဗိုလ်

Zawgyi Font:


Photo : Thandar Bo


Photo : Thandar Bo


Photo : Thandar Bo


Photo : Thandar Bo


 

Unicode Font:

ပရိသတ်ကြီးရေ သန္တာဗိုလ်ရဲ့ ခပ်ချေချေအထာလေးနဲ့ ခပ်တည်တည်မျက်နှာလေးကိုပဲ ပရိသတ်တွေက သဘောကျနေရတာဖြစ်ပြီး သရုပ်ဆောင်ကောင်းတဲ့အတွက်လည်း သူမရဲ့ရုပ်ရှင်ဇာတ်ကားတွေက လူကြိုက်များခဲ့ပါတယ်နော်။ လက်ရှိမှာတော့ သန္တာဗိုလ်က သရုပ်ဆောင်အပိုင်းနဲ့အလှမ်းဝေးနေပြီး မော်ဒယ်လ်ရှိုးများနဲ့ photo shooting များကိုတော့ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

သန္တာဗိုလ်က ဘော်ဒီအချိုးအစားလေးကို အကောင်းဆုံးထိန်းသိမ်းထားနိုင်သူလေးဖြစ်လို့ ဘယ်လိုဖက်ရှင်လေးပဲ ဝတ်ဝတ် အရမ်းမိုက်ပါတယ်။ အခုလည်း စွတ်ကျယ်အတိုလေးနဲ့ ဘောင်းဘီရှည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး မျက်မှန်အမဲ၊ စလွယ်အိတ်အမဲလေးနဲ့ အထာကျကျ လန်းနေပါတယ်။

သန္တာဗိုလ်ရဲ့ ပုံစံလေးကို ဖြတ်ခနဲကြည့်လိုက်ရင် နိုင်ငံခြားမင်းသမီးလေးလို့ ထင်ရပြီး အခုပုံလေးနဲ့ အရမ်းမိုက်လွန်းလို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ သန္တာဗိုလ်ကို ခပ်လန်းလန်းဖက်ရှင်လေးတွေနဲ့ အမြင်များလာတာဖြစ်လို့ ပရိသတ်တွေက လက်ခံအားပေးလာပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. အထာကျကျ လန်ထွက်နေတဲ့ သန္တာဗိုလ်ရဲ့ဖက်ရှင်လေးအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။

Source : Thandar Bo Facebook

Comment here