CelebrityEvent
မကြာခင်ရိုက်ကူးတော့မယ့် အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက်အကယ်ဒမီလူမင်း ၊ အကယ်ဒမီရန်အောင် နှင့်ဗိုလ်ချုပ်နေရာကနေပာဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုး အောင်ဆန်းရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်ပြီး အခုလိုပြောပြလာခဲ့ပာတယ်။
ထိုပွဲတွင် အကယ်ဒမီလူမင်း ၊ အကယ်ဒမီရန်အောင် ၊ ဗိုလ်ချုပ်နေရာကနေပာဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုး အောင်ဆန်းရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်ပြီး အကြောင်းအရာတစ်ချို့ကို အခုလိုပြောပြလာခဲ့ပာတယ်။
Photo credit : Lu Min Fb
Photo credit : Lu Min Fb
Photo credit : Lu Min Fb
Photo credit : Lu Min Fb
Photo credit : Lu Min Fb
Photo credit : Yan Aung Fb
Photo credit : Yan Aung Fb
Photo credit : Yan Aung Fb
Photo credit : Yan Aung Fb
ဗိုလ်ချုပ်နေရာကနေသရုပ်ဆောင်မယ့် ကျော်ကျော်မျိုးက
ကျွန်တော်ကဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့်ကျော်ကျော်မျိုးပါ၊ ကျွန်တော်အလေးထားပြီးလေ့လာခဲ့တယ် အကောင်းဆုံးလည်းလုပ်ဖို့ပြင်ဆင်ထားတယ် အမှားနည်းနိုင်သမျှနည်းအောင်ပေါ့ လူဆိုတာကတော့အနာဂတ်ကိုယ်စီရှိကြတာပဲ အတ္တလည်းမကင်းကြဘူး ရေကြည်ရာ မြက်နုရာပဲလျှောက်လှမ်းကြတာ ကျွန်တော်ကဘယ်လိုစိတ်နဲ့ ဘယ်လိုစွန့်လွှတ်ခဲ့လဲဆိုတော့ ဗိုလ်ချုပ်နေရာသရုပ်ဆောင်ရမှာမို့လို့ ဒီလူထုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းဟာဆိုရင် ဘယ်လောက်တောင်တိုင်းပြည်ပေါ် အနစ်နာခံတယ် စွန့်လွှတ်မှုတွေအများကြီးနဲ့ပေးဆပ်သွားတယ်။
Photo credit
Unicode
မကြာခင်ရိုက်ကူးတော့မယ့် အောင်ဆန်းရုပ်ရှင် ဇာတ်ကားရိုက်ကူးမှု စာနယ်ဇင်း မိတ်ဆက်ကို စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက Novotel Hotel မှာကျင်းပခဲ့ပါတယ်။ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကို မန္တလေးနဲ့နတ်မောက်မြို့တွေကသမိုင်းဝင်နေရာတွေမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရန်ကုန်မြို့ရှိအမျိုသားပြတိုက်အပါအဝင် နတ်မောက်မြို့ကဗိုလ်ချုပ်နေအိမ်တွေမှာ ရိုက်ကူးဖို့ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ထိုပွဲတွင် အကယ်ဒမီလူမင်း ၊ အကယ်ဒမီရန်အောင် ၊ ဗိုလ်ချုပ်နေရာကနေပာဝင်သရုပ်ေဆောင်မယ့် ကျော်ကျော်မျိုး အောင်ဆန်းရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်ပြီး အကြောင်းအရာတစ်ချို့ကို အခုလိုပြောပြလာခဲ့ပာတယ်။
အကယ်ဒမီလူမင်းက တစ်နေ့တစ်နေ့လဲလေ ထမင်းစားချိန်ရောက်လို့ရောက်မှန်းလဲမသိ ကိုယ်အလုပ်လုပ်နေတာပဲ အိပ်လိုက်ပြီး အိပ်ယာဝင်ပြီဆိုရင်လဲ ငါအလုပ်တွေမပြီးသေးပါလားဆိုတဲ့ စိတ်နဲ့ အိပ်ယာဝင်မိတယ်။နိုးလာတာနဲ့ ဟာ ငါအများကြီးလုပ်ရအုန်းပါလားဆိုတဲ့ စိတ်နဲ့နိုးထတယ်။အခုတလောရက်ပိုင်းတွေက အဲသလိုကြီးတွေပဲဖြစ်နေတယ် သို့သော် ကိုယ်နှစ်နှစ်ခြိုက်ခြိုက်ရအောင်တော့ အိပ်တယ်။ ဒီကားက သမိုင်းလဲမဟုတ်ဘူး စစ်ကားလဲမဟုတ်ဘူး ဒီအချက်လက် မှတ်တမ်းကြီးကို အချက်လက်ပြည့်စုံစွာ စုံစီစွာကြည့်ချင်တယ်ဆိုရင်တော့ သမိုင်းစာအုပ်တွေသာဖတ်ပါ အတ္ထုပ္ပတ္တိ စာအုပ်တွေသာဖတ်ပါလို့ပြောချင်ပါတယ်။ ရုပ်ရှင်တစ်ကားဆိုတာက သတ်မှတ်ချက်တွေရှိတယ် Duration တစ်ခုရှိတယ် ဒီထဲမှာဝင်အောင်ပြရမှာရှိတယ် နောက်တစ်ခုက အစ်ကိုတို့က ဒီထဲကဇာတ်ကောင်တွေကို သက်ဝင်လှုပ်ရှားစွာသရုပ်ဆောင်ပြရမှာဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကားကြည့်သလို့ ဘာလို့ရုပ်ရှင်လို့တင်လဲဆိုတော့ လူတွေရဲ့နှလုံးသားထဲကို စီးဝင်နိုင်တဲ့အနုပညာရပ်နဲ့တင်ပြခြင်တာဖြစ်တဲ့အတွက် ရုပ်ရှင်လို့ ကိုယ်က သုံးနှုန်းတာ ရုပ်ရှင်ကိုပဲ ကိုယ်က တမင်ပြောတာ ဒါမှ လူတွေရဲ့နှလုံးသားထဲရောက်မယ်။ဒါမယ့် ဒီရုပ်ရှင်ကပြောမယ့်အကြောင်းရာကဘာလဲ မြန်မာနိုင်ငံလွတ်လပ်ရေးအကြောင်း ဗမာတပ်မတော်ကြီးက ကကြီးရေက ဘယ်ကစခဲ့လဲဆိုတဲ့အကြောင်း အောင်ဆန်း ဆိုတဲ့ လူငယ်လေးအကြောင်း အဲ့ဒီဟာတွေ အဲ့ဒီအကြောင်းတွေ ကြည့်တဲ့သူတွေရဲ့ပရိတ်သတ် နှလုံးသားထဲကိုရင်ထဲကို စီးဝင်သွားပြီဆိုရင် ကိုယ်တို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီ။ကိုယ်တို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာ ကိုယ်တိုင်းပြည်၊ကိုယ်မြေ၊ကိုယ်ရေကိုတန်ဖိုးထားတတ်ဖို့ နောင်လာနောင်သားတွေ ဒီလိုလူငယ်တစ်ယောက်ကို လေးစားအားကျအတုယူဖို့ ကိုယ့်ကိုကိုယ် လက်ရှိဘဝမှာ ကိုယ့်တိုင်းပြည်အတွက် ဘာလုပ်ပေးပြီလဲဆိုတာကို မေးခွန်းတွေထုတ်နိုင်ဖို့ ဒီလိုတွေဖြစ်စေချင်တာဆိုတော့ အနုပညာရသနဲ့တင်ဆက်တာဖြစ်တယ်။ကျွန်တော်က ဒီကားကိုရိုက်ဖို့တာဝန်ယူလိုက်တဲ့အချိန်မှာ ခုနကပြောလိုက်သလိုပဲ ဒီကားကို ငါပြီးအောင် ဆုံးခိုင်းတိုင်အောင် အောင်မြင်အောင် ငါလုပ်နိုင်မယ်လို့ ယုံကြည်ချက် ကျွန်တော်မှာ ကျွန်တော်ရှိတယ်။
ကျွန်တော်ကိုမှကျွန်တော်မယုံပဲနဲ့ ဒီလောက်ကြီးလေးတဲ့တာဝန်ကို လုံးဝမယူဘူး အဲ့ဒါကြောင့် တစ်ချိူ့ကိစ္စတွေက ဒါသာမန်အားဖြင့်တော့ မှန်ပါတယ်။ ကျွန်တော်ကို မယုံကြည့်တဲ့သူတွေကိုလဲ အပြစ်မပြောစရာအကြောင်းမရှိဘူး။ အလုပ်ကြီးက ကြီးလွန်းတာကိုး ကျွန်တော်ပုံစံနဲ့ကျွန်တော် အနေထားနဲ့ကို သူတို့မယုံတာလဲဖြစ်မှာပေါ့နော်။သူတို့တန်ဖိုးထားတဲ့အရာကြီးတစ်ခု ပျက်စီးဆုံးရှုံး တန်ဖိုးလျော့သွားမှာကို စိုးရိမ်ကျလို့ ဗိုလ်ချုပ်အပေါ်ချစ်တဲ့စိတ်နဲ့ မယုံကြည်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။သို့သော်တစ်ဆင့်ခြင်း တစ်ဆင့်ခြင်းသေသေချာချာလေး အဆိုးမြင်သက်သက်မဟုတ်ဘဲ အပြုသဘောပေါ့နော် ချစ်ခြင်းမုန်းချင်းကြားလေးတည်းကနေ ကျွန်တော် လုပ်ရပ်လေးကို တစ်ဆင့်ခြင်းမြင်အောင်ကြည့်ပေးပါ။
ကျွန်တော် အလုပ်နဲ့တစ်ဆင့်ခြင်းသက်သေပြနေပါတယ်။အခုလဲစတင်ရိုက်ကူးခြင်းအခမ်းနားနဲ့ကျွန်တော်လဲပြင်ဆင်ပြီးမြောက်မှုနဲ့နိုင်ငံတော်အတိုင်ပင်ခံရဲ့အားပေးမှုနဲ့ကျွန်တော်ဘယ်လိုတွေတစ်ဆင့်ခြင်းလေးလုပ်နေတယ်ဆိုတာ ကျွန်တော်ရဲ့ခြေလှမ်းတွေကိုပြနေပါတယ်။တစ်ခုတော့ရှိတယ်ပေါ့နော် ကျွန်တော် ဒါကြီးလုပ်နေပါပြီ ဟိုဟာကြီးလုပ်နေပါပြီရယ်လိုတော့ ကျွန်တော်က အမြဲတမ်းကြီးပြောနေမှာမဟုတ်ပါဘူး။
အကယ်ဒမီရန်အောင်ကလဲ ခုဗိုလ်ချုပ်ရုပ်ရှင်ရိုက်မယ်ဆိုတာ ကြားနေတာတော်တော်ကိုကြာပြီ တကယ်ပဲကိုလူမင်းတာဝန်ယူပြီးရိုက်မယ်ဆိုတဲ့အချိန်မှာ ကမ်းလှမ်းတာပေါ့ ဖုန်းဆက်ပြီးတော့ အကိုလုပ်ပေးပါပေါ့ ယုံတောင်မယုံဘူး ဟုတ်လို့လားပေါ့ ဟုတ်တယ်တဲ့ဆိုတော့ အဲလိုဆိုရင် ရိုက်မယ်လို့ အရမ်းဝမ်းသာသွားတာပေါ့ ဝမ်းသာသွားတယ်ဆိုတာ မပါတောင်မှသွားကြည့်ချင်တယ် ကိုယ့်လူတွေရိုက်တာဆိုတော့ပြီးတော့မရောက်ဖူးတာလည်းရောက်ဖူးတာပေါ့။
အေးအေးဆေးဆေးတော့ကြည့်ချင်တယ်လို့ အဲတော့စိတ်လည်းစိတ်ဝင်စားတယ် ပါရတယ်ဆိုတော့လည်းပိုဝမ်းသာရတာပေါ့ ဒေါက်တာဘမော်နေရာကပါပေးပါဆိုတော့ ကိုက ဒေါက်တာဘမော်ကြာင်းကို အကိုက online မှာဖတ်ပါတယ် သူ့ရဲ့မွေးကတည်းကစပြီး ဆုံးပါးသွားသည်အထိပေါ့ သူလုပ်ခဲ့တယ် ရာထူးတွေ တာဝန်တွေ ပညာအရည်းအချင်းတွေ့နဲ့ပေါ့ သူရဲ့ဝတ်ပုံစားပါ သူက စတိုင်လ်ရှိတယ်လေ အဲတော့ကိုနဲ့လိုက်လို့ အကို့ကိုခေါ်တာပေါ့နော် တောင်ရှည်နဲ့ တကယ့်မြန်မာရိုးရာအတိုင်းဝတ်တာ တော်တော်လက်ခံကြပါတယ်။
ဒေါက်တာဘမော်နေရာမှာပါဝင်ရတဲ့အတွက်ကိုယ့်ကိုကိုယ်လည်းကျေနပ်တယ် ပြီးတော့သမိုင်းမှာကျန်ခဲ့မယ့်ဇာတ်ကားဖြစ်တဲ့အတွက် ဘယ်လိုခေါ်မလဲ ဝမ်းသာတာထက် ကျေနပ်သာထက် သာတဲ့စကားကိုပြောချင်ပါတယ်ခင်ဗျာ။
ဗိုလ်ချုပ်နေရာကနေသရုပ်ဆောင်မယ့် ကျော်ကျော်မျိူးက
ကျွန်တော်ကဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့်ကျော်ကျော်မျိုးပါ၊ ကျွန်တော်အလေးထားပြီးလေ့လာခဲ့တယ် အကောင်းဆုံးလည်းလုပ်ဖို့ပြင်ဆင်ထားတယ် အမှားနည်းနိုင်သမျှနည်းအောင်ပေါ့ လူဆိုတာကတော့အနာဂတ်ကိုယ်စီရှိကြတာပဲ အတ္တလည်းမကင်းကြဘူး ရေကြည်ရာ မြက်နုရာပဲလျှောက်လှမ်းကြတာ ကျွန်တော်ကဘယ်လိုစိတ်နဲ့ ဘယ်လိုစွန့်လွှတ်ခဲ့လဲဆိုတော့ ဗိုလ်ချုပ်နေရာသရုပ်ဆောင်ရမှာမို့ိလို့ ဒီလူထုခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းဟာဆိုရင် ဘယ်လောက်တောင်တိုင်းပြည်ပေါ် အနစ်နာခံတယ် စွန့်လွှတ်မှုတွေအများကြီးနဲ့ပေးဆပ်သွားတယ်။
သူ့နေရာမှာ ကျွန်တော့ရဲ့အချိန်အတိုင်းအတာတခုကိုလှူလိုက်တာပါ ဘောလုံးသမားဘဝဆိုတာကျွန်တော်ငယ်ငယ်လေးတည်းကအိမ်မက်မက်ခဲ့တဲ့ဘဝပါ တကယ်လည်းကြိုးစားတယ် တကယ်လက်ရွှေးစင်ဖြစ်အောင်လည်းကန်ခဲ့တယ် အဲလိုဖြစ်ပြီးမှ ကျွန်တော်ကဒီနေရာကိုဝင်လျှောက်တာ ကျွန်တော့စွန့်လွှတ်မှုက ရှုံးတယ် ကျွန်တော်ဒီကားပေါ်ပဲ စေတနာထားတယ် မေတ္တာထားတယ် ဒီကားပေါ်ပဲ အာရုံစူးစိုက်ထားပာတယ်။
Comment here