Health

Roll-on သုံးတတ်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အရေပြား ကျန်းမာရေးအကြောင်းကို ဖော်ပြလိုက်ပါတယ်….

Zawgyi Font :

          မနက်မိုးလင်းတာနဲ့ ရေချိုး၊ ဖီးလိမ်း ပြင်ဆင်ကြရတာက လူတိုင်းရဲ့ နိစ္စဓူဝ အလုပ်တစ်ခုပါ။ ဒီနေရာမှာ သတိမထားမိလိုက်ပဲ မှားနေတာလေးတွေလည်း ရှိပါတယ်။ အသားအရေ နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေရဲ့ အဆိုအရ လူတွေမနက်တိုင်း ပုံမှန်လုပ်နေတဲ့ တစ်ချို့ အသားအရေဆိုင်ရာ ထိန်းသိမ်းမှုတွေက မှားနေတယ်လို့ ပြောခဲ့ပါတယ်။ မနက်ခင်းရဲ့ အစောပိုင်းမှာ ရေမွှေးတို့ roll-on တို့ သုံးတာထက် ညအိပ်ခါနီးမှာ အသုံးပြုတာက ပိုပြီးအကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုထားပါတယ်။

          အရေပြားရောဂါ အထူးကု Sandra Lee က ညဘက် ရေမွှေး၊ roll-on တို့ကို သုံးထားမယ်ဆိုရင် အနံ့ မကြိုက်တတ်တဲ့ သူတွေအတွက် ပိုတောင် အဆင်ပြေလိမ့်မယ်လို့ ဆိုပါတယ်။ Sandra ကို Dr Pimple Popper လို့ လူသိများပါတယ်။ Sandra က ကိုယ်ပိုင် TV show တစ်ခုကနေ သူမရဲ့ Night Routine တွေကို တင်ပြပြီး နာမည်ကြီးလာသူ တစ်ယောက်ပါ။ Sandra ကို Dr Pimple Popper လို့ လူသိများပါတယ်။ Sandra က ကိုယ်ပိုင် TV show တစ်ခုကနေ သူမရဲ့ Night Routine တွေကို တင်ပြပြီး နာမည်ကြီးလာသူ တစ်ယောက်ပါ။

          ညဘက်မှာ Roll-on သုံးတာဘာလို့ ပိုပြီး အကျိုးသက်ရောက်မှု ရှိလဲဆိုတော့ လူ့ခန္ဓာမှာရှိတဲ့ ချွေးဂလင်းတွေက ငြိမ်သက်နေတတ်တဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်ပါလို့ Sandra ကဆိုပါတယ်။ Sandra က TV show မှာ ငယ်ငယ်တည်းက အသားရေကို ဂရုမစိုက်ခဲ့ မိတဲ့အတွက် နောင်တရမိကြောင်းနဲ့ မျက်လုံးတစ်ဝိုက်ကိုလက်နဲ့ ပွတ်တာမျိုး မလုပ်ခဲ့မိရင် ကောင်းမှာလို့ သူမရဲ့ အတွေ့အကြုံကို ဝေမျှခဲ့ပါသေးတယ်။

          မျက်နှာသစ်တယ်ဆိုတာ တကယ်တော့ မျက်နှာက အစိုဓာတ်ကို ဖယ်ရှား ပစ်လိုက်တာပါ။ မျက်နှာသစ်ပြီးတာနဲ့ နေပူထဲသွားတာတို့ အရမ်းအေးတဲ့ အခန်းမှာနေတာတို့ မလုပ်သင့်ကြောင်း Sandra က အကြံပြုခဲ့ပါသေးတယ်။ မျက်နှာသစ်တဲ့ အခါမှာလည်း လက်နဲ့ ပွတ်တိုက်တာမျိုး မလုပ်ပဲ ရေနဲ့ ဆေးတယ်ဆိုရုံလောက် ညင်ညင်သာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။ မျက်နှာ သစ်ပြီးတော့ အစိုဓာတ် ခမ်းခြောက်ရတာက မျက်နှာကို လေထိတဲ့အခါ လေက မျက်နှာပေါ်က အစိုဓာတ်ကို ဆွဲယူသွားတတ်လို့ပါ ဆိုပြီး Sandra က အသားအရေနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်တွေကို သူမရဲ့ ပရိသတ်တွေကို ဝေမျှခဲ့ပါတယ်။

Source : Sandra

Photo : Bustle

Unicode Font :





Source : Sandra

Photo : Bustle

 

Comment here