Celebrity

ရှုတင်နားတဲ့ရက်လေးမှာ သားလေး ဂျူနီယာမြင့်မြတ်ကို ခေါ်ပြီး ကစားကွင်းကြီးကို လိုက်ပို့ပေးနေတဲ့ မြင့်မြတ်

Zawgyi Font:


Photo : Myat Wai Tun


Photo : Myat Wai Tun


Photo : Myat Wai Tun


Photo : Myat Wai Tun


 

Unicode Font:

ပရိသတ်တွေ အရမ်းကိုချစ်ရတဲ့ မင်းသားကြီး မြင့်မြတ်က ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် သူ့ရဲ့ဇာတ်ကားတိုင်းက လူငယ်ပရိသတ်တွေကြားထဲမှာပါ ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ ဆင်းရဲသားဇာတ်ရုပ်ဆိုရင်လည်း လုံးဝချွတ်စွပ်တူအောင် သရုပ်ဆောင်နိုင်လို့ သဘာဝမင်းသားကြီးလို့ပါ အားလုံးက ချစ်စနိုးနဲ့ခေါ်ဆိုလာကြပါတယ်။

မြင့်မြတ်က ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပါ ပိုင်ဆိုင်ထားသူလေးပါ။ ဇနီးချောလေးရော သူနဲ့တူတဲ့ သားချောလေးပါ ပိုင်ဆိုင်ထားလို့ မြင့်မြတ်အတွက် အစစအရာရာ ပြည့်စုံနေခဲ့ပါပြီ။ မြင့်မြတ်က ပရိသတ်တွေအတွက် အနုပညာများကို ချပြပေးနေသလို သူ့ရဲ့မိသားစုလေးအတွက်လည်း အိမ်ထောင်ဦးစီးကောင်း ပီသအောင် အကောင်းဆုံးကြိုးစားနေရပါတယ်။

ဒီနေ့က မြင့်မြတ်ရဲ့ရှုတင်နားတဲ့ရက်လေးဖြစ်လို့ မိသားစုနဲ့အတူ ဟိုသွားဒီသွားနဲ့ပျော်ရွှင်နေကြပါတယ်။ နောက်ဆုံး ကစားကွင်းကြီးကို လည်ပတ်ခဲ့ပြီး သားလေး ဂျူနီယာမြင့်မြတ်လေးက ခေါင်းလေးထောင်ထောင် မျက်လုံးလေးပြူးပြူးလေးနဲ့ ပျော်နေခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်နေကြတဲ့ မြင့်မြတ်တို့မိသားစုလေးကို ချစ်တယ်ဆိုရင် အားပေးစကားလေးတွေ ဆိုခဲ့ပါဦးနော်။

Source : Myat Wai Tun Facebook

Comment here