Celebrity

အကောင်းဆုံး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီး ရုံတင်တော့မှာဖြစ်လို့ ရင်ခုန်နေတဲ့ တိုင်ရွန်

Zawgyi Font:


Photo : Tyron Bejay


Photo : Ye Linn


Photo : Ye Linn


Photo : Tyron Bejay


 

Unicode Font:

ပရိသတ်ကြီးရေ သဘောမနော အရမ်းကောင်းသလို နောက်နောက်ပြောင်ပြောင် နေတတ်တဲ့ တိုင်ရွန်ကတော့ မိန်းကလေးပရိသတ်တွေ သိပ်ကိုကြွေရတဲ့ ကောင်ချောလေးနော်။ အရမ်းမိုက်တဲ့ ဘော်ဒီတွေကြောင့် မော်ဒယ်လ်လောကမှာ နာမည်ရလာတဲ့ တိုင်ရွန်က သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပါပြီ။

တိုင်ရွန် ပါဝင်သရုပ်ဆောင်ထားတဲ့ အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ အတော်လေး ရင်ခုန်လှုပ်ရှားနေပါတယ်။ တိုင်ရွန်က “ကိုယ့် ကားတွေတင်တော့မယ်ဆိုတော့ အရမ်းပျော်နေတာပေါ့ လာကြည့်ကြဖို့ မျှော်နေမယ် …….” ဆိုပြီး သူ့ရဲ့ဇာတ်ကားလေးကို လာကြည့်ပေးကြဖို့အတွက်လည်း ဆိုခဲ့ပါတယ်။

ပရိသတ်တွေကလည်း တိုရွန်ရဲ့ဇာတ်ကားကြီးအတွက် အခုတည်းက ဝန်းရံနေကြပါပြီ။ တိုင်ရွန်က အနုပညာအလုပ်ကို သူများတွေ လက်ဖျားခါရတဲ့အထိ နေ့ညမရွေး ကြိုးစားလုပ်ကိုင်တာဖြစ်လို့ သူပါဝင်တဲ့ ဇာတ်ကားတိုင်းက ပရိသတ်များရဲ့ ယုံကြည်ချက်များကို အပြည့်အ၀ ပြန်လည်ရရှိခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. တိုင်ရွန်က ဇာတ်ကားကြီးအတွက် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ပြီး နောက်ဆုံးမှာတော့ မကြာခင် ရုံတင်တော့မှာပါနော်။ အကောင်းဆုံးကြိုးစားခဲ့တဲ့ တိုင်ရွန်အတွက် အားပေးစကားလေးတွေ ချီးမြှင့်ခဲ့ပါဦးနော်။

Source : Tyron Bejay Facebook

Comment here