Celebrity

ဆယ်ကျော်သက် မိန်းမပျိုလေးတွေတောင် နှစ်ခါပြန်ငေးသွားရတဲ့အထိ အရမ်းချစ်ဖို့ကောင်းနေတဲ့ နန်းဆုရတီးစိုး

Zawgyi Font:


Photo : ALinn Young

Photo : ALinn Young


Photo : ALinn Young

Photo : ALinn Young

Photo : ALinn Young


Photo : ALinn Young

Photo : ALinn Young

Photo : ALinn Young


 


 

Unicode Font:
ပရိသတ်ကြီးရေ အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပေမယ့် ငယ်ရွယ်နုပျိုနေပြီး ပိုလို့တောင် လှလာတဲ့ မင်းသမီးချောလေး နန်းဆုကတော့ သက်ရှိ ဘာဘီရုပ်မလေးနဲ့တူလွန်းလို့ ပရိသတ်တွေအရမ်းချစ်ရတဲ့သူလေးပါ။ နန်းဆုကို ချစ်လွန်းလို့ အမာခံပရိသတ်တွေအဖြစ် Fan Group လေးတွေ ထောင်ပြီးတော့တောင် အားပေးလာကြပါတယ်။

အချစ်ရေးမှာ တည်ငြိမ်သွားပြီဖြစ်တဲ့ နန်းဆုအတွက် အားလုံးက စိတ်မကောင်းဖြစ်ခဲ့ကြပေမယ့် နန်းဆုကတော့ အပြုံးမပျက်ဘဲ ပျော်ပျော်နေနေကြောင်းကိုပါ ဖွင့်ဟလာပါတယ်။ နန်းဆုက Cutty girl လေးလို အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံစံအမျိုးမျိုးနဲ့ အလှဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ပြီး ပျော်နေကြောင်း ပုံလေးတွေနဲ့တကွ မျှဝေလိုက်ပါတယ်နော်။

စက်တင်ဘာလ (၁၈) ရက်နေ့က နန်းဆုရဲ့ မွေးနေ့လေးဖြစ်ပြီး သူမရဲ့မွေးနေ့ရက်လေးကို ကုသိုလ်များစွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာတဲ့ သံဃာတော်များကို မိသားစုနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါတယ်။ နောက်ပြီး ဘုရားတက်ပြီး ရွှေသင်္ကန်းများကပ်လှူကာ ပူဇော်ခဲ့ပြီး ခိုစာ၊ ငါးစားများကျွေးကာ ကုသိုလ်ယူခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. နန်းဆုလေးတစ်ယောက် အပြုံးမပျက်ပျော်နေပြီဆိုတာ သိခွင့်ရလို့ ထပ်တူကြည်နူးမိမယ်လို့ မျှော်လင့်ပါတယ်နော်။ နန်းဆုရဲ့ ချစ်စဖွယ်ပုံလေးတွေကို သဘောကျရင် Like လေးနှိပ်ပြီး အားပေးခဲ့နော်။

Source : Nansu Yati Soe Facebook

Comment here