Health

သားသတ်လွတ်စားတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ကမ္ဘာကြီးပေါ်မှာ တစ်သက်လုံးအသားမစားပဲ သားသတ်လွတ်စားတဲ့သူတွေက သပ်သပ်ရှိပါတယ်။ တချို့ကျတော့လည်း သူတို့ရဲ့မွေးနေ့တိုင်းလိုလို သားသတ်လွတ်စားကြတယ်။ တချို့ကျတော့လည်း အသားအရည်လှဖို့နဲ့ ကျန်းမာရေးကောင်းဖို့အတွက် ရည်ရွယ်ပြီး သားသတ်လွတ်စားကြတယ်။ သားသတ်လွတ်စားခြင်းက လူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ။ တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်…။

(၁) အသက်ရှည်မယ်

သားသတ်လွတ်စားတဲ့သူတွေက အသားစားသူတွေထက်ပိုပြီး အသက်ရှည်ကြပါတယ်တဲ့။ အသီးအနှံတွေကို ပိုမိုစားသုံးတဲ့အခါ အသား၊ငါးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ရှောင်ရှားနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိတာကြောင့်ပါ။

(၂) ကိုလက်စထရောတွေကို လျော့ချပေးတယ်

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို စားသုံးပေးခြင်းက ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ ကိုလက်စထရောတွေကို လုံးဝ ကင်းစင်သွားတဲ့အထိတောင် စွမ်းဆောင်နိုင်ပါတယ်။ ဟားဗတ်ကျန်းမာရေးဌာနရဲ့တွေ့ရှိချက်အရဆိုရင် သားသတ်လွတ်စားသူတွေဟာ နှလုံးရောဂါဖြစ်ပွားဖို့ လုံးဝအခွင့်အလမ်းမရှိသူတွေလို့ သိရပါတယ်။

(၃) လေဖြတ်ဖို့အခွင့်အလမ်းနည်းတယ်

ဘယ်လ်ဂျီယံမှာရှိတဲ့ University Hospital Ghent Department  က သားသတ်လွတ်စားသူတွေဟာ အသီးအနှံတွေကို တရားလွန်စားတာထက် အတိုင်းအတာ တစ်ခုနဲ့သာ စားတတ်ကြပြီး အသားစားသူတွေကတော့ အတိုင်းအဆမရှိအောင် စားတတ်ကြတာကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ရဲ့တွေ့ရှိချက်အရတော့ သားသတ်လွတ်စားသူတွေဟာ လေဖြတ်ဖို့အခွင့်အလမ်းအနည်းငယ်သာ ရှိပြီး သူတို့ရဲ့ ကျန်းမာရေးကို ပိုကောင်းအောင် ထိန်းထားနိုင်ကြပါတယ်တဲ့။

(၄) အသားအရေကြည်လင်တယ်

သားသတ်လွတ်စားသူတွေက ကြည်လင်ပြီး ကျန်းမာတဲ့အသားအရေမျိုးကို ရကြသူတွေပါ။ သူတို့က အသီးအနှံတွေကနေ ဗိုက်တာမင်နဲ့ရေဓာတ်ကို အပြည့်အ၀ ရကြပြီး ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်ကြပါတယ်။ သားသတ်လွတ်စားသူအများစုက ကျန်းမာရေးအတွက် ကောင်းမွန်စေမယ့် အသီးအနှံတွေကို ရွေးချယ်စားတတ်ကြပြီး အဲဒါတွေက အသားအရေလှပဖို့အတွက် အထောက်အကူပေးပါတယ်။

(၅) ဆီးချိုရောဂါကို ထိန်းချုပ်နိုင်မယ်

အသားစားသူတွေရဲ့သွေးထဲမှာရှိတဲ့ အင်ဆူလင်ဓာတ်က အသားမစားသူတွေထက် ပိုပြီး မြင့်မားတာကို တွေ့ရပါလိမ့်မယ်။ အင်ဆူလင်ဓာတ် မြင့်မားလေလေ ဆီးချိုဖြစ်ဖို့ ပိုမိုနီးစပ်လာလေပါပဲ။ သားသတ်လွတ်သမားတွေက ဆီးချိုဖြစ်ဖို့ အခွင့်အလမ်းနည်းတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ညီမျှစေပြီး သွေးထဲက သကြားဓာတ်ကိုပါ လျော့ပါးစေပါသတဲ့။

Source : krishijagran.com

Photo : silviarita

Unicode Font :












Source : krishijagran.com

Photo : silviarita

 

 

 

 

Comment here