Health

သွားဖုံးသွေးထွက်ခြင်းမှ ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေး ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်…

Zawgyi Font :

ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၆၀၀ လောက်ဟာ တစ်သက်မှာ တစ်ခါလောက်တောာ့ သွားဖုံးသွေးယိုဖူးခဲ့ ကြပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဆေးခန်းသွာားစရာမလိုအပ်ဘဲ အိမ်မှာပဲ ကိုယ့်ဟာကိုယ်လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်ကုသနိုင်နေတာကို သင်သိပါသလား။ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရနိုင်မလဲဆိုတာကို Bright Side မှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

(၁) သွေးထွက်ထွက်ချင်းဆိုရင်တော့ ဂွမ်စပါးလေးနဲ့ သွေးထွက်တဲ့နေရာကို ကိုက်ဖိထားပေးလိုက်ခြင်းဖြင့် သွေးတိတ်တာကို ထိန်းလိုက်နိုင်ပါတယ်။

(၂) နောက်တစ်နည်းကတော့ ရေခဲအုံခြင်းပါ။ သွေးထွက်နေတဲ့ သွားဖုံးနေရာကို ရေခဲအုံခြင်းဖြင့်လည်း သွေးထွက်တာကို ထိန်းချုပ်နိုင်ပြီး ယောင်ယမ်းခြင်းကို လျော့ကျစေပါတယ်။ ရေနွေးအဝတ်ကပ်ခြင်းကိုတော့ ယောင်ယမ်းခြင်းသက်သာသွားပြီဆိုရင်တော့ နာကျဉ်မှုသက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။

(၃) ရေနွေးလေးထဲဆားထည့်ဖျော်ကာ ပါးစပ်ထဲမှာ စက္ကန့် ၃၀ ပလုတ်ကျင်းလိုက်၊ ထွေးထုတ်လိုက်နဲ့ မနက်တစ်ခါ ညတစ်ခါလုပ်ပေးခြင်းဖြင့်လည်း သွားဖုံးသွေးယိုခြင်း၊ ယောင်းယမ်းခြင်းတို့ကို ဘတ်တီးရီးယားများဖယ်ရှားပေးခြင်းဖြင့် လျှော့ချပေးစေပါတယ်။

(၄) Alcohol-free ပလုတ်ကျင်းဆေးရည်သုံးပါ။ သူဟာလည်းပဲ ဆားရည်လိုမျိုး ပါးစပ်အတွင်းက ဘတ်တီးရီးယားတွေကို သေစေနိုင်ပြီးတော့ သွားဖုံးသွေးထွက်ခြင်းကို ရပ်စေကာ ယောင်ယမ်းမှုကို လျော့ကျစေပါတယ်။

(၅) ကြက်သီးနွေးရေလေးနဲ့ ပလုတ်ကျင်းမယ်၊ ပြီးရင် ပျားရည်လေးနည်းနည်းယူပြီး သွားဖုံးကို ဖွဖွလေး လက်ချောင်းနဲ့ ၁၀ မိနစ်လောက် ဖိပေးခြင်းလည်း လုပ်ဆောင်နိုင်ပါတယ်။ ပျားရည်ဟာ သူ့သဘာဝမှာကတည်းက ပိုးသတ်ပေးတဲ့စွမ်းအားပါရှိတာကြောင့်သွားဖုံးတင်မဟုတ်ဘဲ သွားတွေကိုပါ ပိုးစားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်တဲ့။ နောက်တစ်ခုကတော့ ဟင်းသီးဟင်းရွက်နဲ့ အစိမ်းရောင်ရှိသောအရွက်တွေများများစားပေးခြင်းဖြင့် သွားဖုံးညိုမည်းပြီး ယောင်ယမ်းသွေးထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသေးတယ်။

Source : Brightside

Photo : Freepik

Unicode Font :







Source : Brightside

Photo : Freepik

Comment here