Celebrity
Photo – Nyunt Zaw Aung
Photo – Nyunt Zaw Aung
Photo – Nyunt Zaw Aung
Photo – Nyunt Zaw Aung
Source Yoon Yoon
Unicode
ရွှေ FM ဆယ်နှစ်မြောက်ပွဲမှာ အဝါရောင် Dress လေးနဲ့ ချစ်စရာကောင်းနေတဲ့ ယွန်းယွန်း
ယွန်းယွန်းကတော့ ကလေးဘဝကတည်းက အနုပညာလောကမှာ နိုင်ငံကျော် ကလေးသရုပ်ဆောင် တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ကလေးဘဝကတည်းက အကယ်ဒီမီဆုကြီးကို “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကလေးသရုပ်ဆောင်အထူးဆုကို 2013 ခုနှစ်က ရရှိပိုင်ဆိုင်ခဲ့သူလဲ ဖြစ်ပါတယ်နော်။ ယွန်းယွန်းရဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အနုပညာလောကမှာကော ပရိသတ်များ ရင်ထဲမှာ နေရာယူထားသူလေး ဖြစ်ပါတယ်နော်။ အခုဆိုရင် ယွန်းယွန်းက အချိန်တွေပြောင်းလဲတာနှင့်အမျှ သူမဟာတစ်နေ့ တစ်ခြားလှ လာပြီး အရွယ်ရောက်နေတဲ့ မိန်းကလေးဖြစ်လို့ ပရိသတ်ကြီးက ခေါင်းဆောင်မင်းသမီး အဖြစ်တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ ယွန်းယွန်းက အရွယ်ရောက်လို့ လှသွေးကြွယ်နေပြီးပြီ လူငယ်ကောင်းလေးများရဲ့ စိတ်ဝင်စားမှု အားပေးနှစ် သက်မှုတွေကို ရရှိနေတဲ့သူလဲဖြစ်ပါတယ်နော်။ ယွန်းယွန်းက အနုပညာရှင်တစ်ဦးဖြစ်တဲ့ အုပ်စိုးခန့်နဲ့ ပက်သက်တဲ့ အချစ်ရေးတွေ ထွက်လာပေမယ့် ကောလဟာလအနေနဲ့သာ ရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ ယွန်းယွန်းက သူမရဲ့အနုပညာအလုပ်တွေကို ပညာရေးကြောင့် အားစိုက်မလုပ်သေးပဲ အခမ်းအနားပွဲများနဲ့ Photo Shooting တွေလောက် လုပ်နေတာတွေ့ရပါတယ်။ မကြာမီ ယွန်းယွန်းက ပုဂံမှာ သွားရောက်လည်ပတ် နေတာတွေ့ခဲ့ရပါတယ်။ ရန်ကုန်ကို ပြန်ရောက်နေတာတွေ့ရပြီး မနေ့ကကျင်းပခဲ့တဲ့ ရွှေ FM ဆယ်နှစ်မြောက်ပွဲကို အဝါရောင် Dress လေးနဲ့ တွေ့ရပါတယ်နော်။ ယွန်းယွန်းရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here