Celebrity

ရှုတင်က ပြန်ရောက်တာနဲ့ အမောပြေသွားစေတဲ့ ပန်းစည်းလေးကို ရရှိခဲ့လို့ ကြည်နူးနေတဲ့ နေခြည်ဦး

Zawgyi Font:


Photo : Nay Chi Oo


Photo : Nay Chi Oo

Photo : Nay Chi Oo


Photo : Nay Chi Oo



 

Unicode Font:

လူငယ်မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားလာခဲ့တဲ့ နေခြည်ဦးက Beauty Blogger တစ်ဦးအဖြစ် ပရိသတ်များရဲ့ အချစ်များကို ယူနိုင်ခဲ့ပြီး သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်လာတဲ့အခါမှာတော့ အားလုံးရဲ့အားပေးမှုများကို သိမ်းကြုံးထားနိုင်ခဲ့ပါတယ်။ နေခြည်ဦးက နာမည်ကျော်ကြားလာတာနဲ့အမျှ အနုပညာအလုပ်တွေကို တနေကုန် ကြိုးကြိုးစားစားလုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးဆီကို လူတစ်ဦးက နှင်းဆီပန်းလေးတွေ အမြဲတမ်းပို့နေခဲ့ပြီး အခုလည်း အမောပြေစေမယ့် နှင်းဆီပန်းစည်းလေးကို ထပ်မံရရှိခဲ့ပါတယ်။ “Shooting ပြန်ရောက်တာနဲ့ အမောကို ပြေနေတာဘဲ” ဆိုပြီး ပျော်ရွှင်မှုများကို MyDay မှာ ချပြခဲ့ပါတယ်။

နေခြည်ဦးက ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး စမတ်ကျစွာ ဝတ်ဆင်တတ်သူဖြစ်လို့ ပရိသတ်အားလုံးရဲ့ စောင့်ကြည့်အားပေးမှုများကို ရရှိခဲ့ပါတယ်။ နေခြည်ဦးက စကားပြောတာ ပွင့်လင်းသလို ဆက်ဆံရေးကောင်းမွန်သူဖြစ်လို့ သူမကိုချစ်တဲ့ Fan Group လေးများလည်း များပြားလာခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. နေခြည့်အကြိုက် ရိုဆန်တဲ့ အပြုအမူလေးတွေနဲ့ နှင်းဆီပန်းလေးတွေ ပို့နေတဲ့သူက ဘယ်သူလေးလည်းဆိုတာ သိချင်လား။

Source : Nay Chi Oo Facebook

Comment here