Celebrity

အမေက လှမ်းစလို့ ပြုံးပျော်နေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ သားသားလေး Jack Jack

Zawgyi Font:


Photo : ALinnYoung


Photo :  Nann Myat Phyo Thinn


Photo :  Nann Myat Phyo Thinn



 

Unicode Font:

ချစ်စရာကောင်းပြီး စကားပြောရင် ချိုမြိန်တဲ့ နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သားလေးရဲ့မိခင်တစ်ဦးဖြစ်နေခဲ့ပြီး ရင့်ကျက်တည်ငြိမ်လာတာကိုလည်း တွေ့ရပါတယ်။ နန်းမြတ်က အနုပညာအလုပ်များကို နည်းပါစွာ လုပ်ကိုင်လာပေမယ့် လူမှုရေးနဲ့ ပွဲအခမ်းအနားများကိုတော့ တက်ရောက်ဖြစ်နေခဲ့ပါတယ်။

သားလေးက အခုဆိုရင် (၅) လထဲရောက်နေပြီဖြစ်ပြီး တနေ့တခြား တုတ်တုတ်လေးနဲ့ ချစ်ဖို့ကောင်းလာခဲ့ပါတယ်။ မျက်နှာလေးလည်း ချိုတာကြောင့် အမေဖြစ်သူက သည်းသည်းလှုပ် အချစ်ပိုနေခဲ့ရပါတယ်။ နန်းမြတ်က သားလေးနဲ့အတူ အပြင်တွေထွက်ဖြစ်ပြီး Jack Jack လေးကလည်း အပြင်ထွက်နေရရင် ပျော်နေတတ်ပါတယ်။ အခုလည်း တငြိမ့်ငြိမ့်သွားနေတဲ့ ကားပေါ်မှာ သာသာယာယာလိုက်ပါလာခဲ့ပြီး အမေဖြစ်သူက စတော့ ပြုံးပြုံးရွှင်ရွှင်လေး ဖြစ်နေခဲ့ပါတယ်။

ပြုံးရွှင်နေတဲ့ သားလေးကို ကြည့်ပြီး နန်းမြတ်တစ်ယောက် အတော်လေး ပျော်နေခဲ့ပါတယ်။ ပြုံးနေတဲ့ သားလေးရဲ့ပုံလေးကို အမိအရဖမ်းထားခဲ့ပြီး အမြတ်တနိုးနဲ့ MyDay မှာတင်ထားခဲ့ပါတယ်။ နန်းမြတ်တို့ဇနီးမောင်နှံနှစ်ဦးရဲ့သားဦးလေးဖြစ်သလို ပရိသတ်များကလည်း သားသားလေးကို မမွေးဖွားခင်ကတည်းက ချစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားချောလေး Jack Jack ကို “ခွန်ဘုန်းသုဒ္ဓ” လို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. သားလေး Jack Jack ကတော့ အရမ်းကို ချစ်ဖို့ကောင်းပါတယ်နော်။ မေမေနဲ့ သားသားရဲ့ ပြုံးရွှင်နေတဲ့ ပုံစံလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်နော်။

Source :  Nann Myat Phyo Thinn Facebook

Comment here