Celebrity

ရိုမန်တစ်ဆန်တတ်လွန်းတဲ့ ရွှေနှစ်ရွှေတို့ စုံတွဲ

Zawgyi Font:


Photo : Shwe Mhone Yati


Photo : Htoo Khant


Photo : Amazing Grace


 


 

Unicode Font:

ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲလေးက ချစ်သူဘဝမှာတည်းက တစ်ဦးနဲ့တစ်ဦး surprise လေးများ လုပ်ဖြစ်ကြပြီး ရိုလွန်းတဲ့ ပုံလေးများကို မြင်တွေ့ရသလို အိမ်ထောင်ကျပြီးနောက်မှာလည်း ချစ်သူလေးတွေလို ယုယုယယနဲ့ မြင်တွေ့ရတာကြောင့် ပရိသတ်များက အရိုနိုင်ဆုံးနဲ့ ချစ်စရာအကောင်းဆုံး စုံတွဲလေးအဖြစ် အမြဲတမ်း သဘောကျနေခဲ့ကြပါတယ်။

ပရိသတ်များကို အမျိုးမျိုး အသည်းယားအောင် လုပ်ပြတတ်တဲ့ ရွှေထူးနဲ့ ရွှေမှုံတို့စုံတွဲလေးက အခုလည်း ပရိသတ်တွေ အားကျသွားစေမယ့် ကြည်ကြည်နူးနူးပုံလေးများကို ချပြခဲ့ပါတယ်။ သိပ်လှတဲ့ ရွှေမှုံရဲ့လက်ကလေးကိုထပ်ထားတဲ့ ရွှေထူးရဲ့လက်ပုံစံလေးတွေက မြင်သူတိုင်းကို ပြုံးသွားစေပါတယ်။

လက်ထပ်လက်စွပ်လေးတွေ ကိုယ်စီဝတ်ထားကြတဲ့ သူတို့နှစ်ဦးရဲ့လက်ကလေးတွေက ဘယ်လောက်ဘဲ ခက်ခဲမှုတွေ ကြုံတွေ့ကြုံတွေ့ လက်တွဲမဖြုတ်ကြဘူးဆိုတာ ထင်ပေါ်စေခဲ့ပါတယ်။ သူတို့နှစ်ဦးက အနုပညာလောကမှာ ပိုပြီးနာမည်ကျော်ကြားလာကြတဲ့ သူတွေဖြစ်နေကြပြီး နယ်ပယ်ကဏ္ဍစုံမှာလည်း အောင်မြင်လာကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ရွှေနှစ်ရွှေတို့ကတော့ မြင်သူတိုင်း အားကျသွားရအောင်ကို ချစ်တတ်ကြပါတယ်နော်။

Source : Shwe Htoo Facebook

Comment here