Celebrity

လမ်းဘေးခွေးလေးကို မုန့်တွေချကျွေးရင် သနားနေမိတဲ့ ဇနီးသည်ရဲ့ပုံစံလေးကို သဘောတွေကျနေတဲ့ ရွှေထူး

Zawgyi Font:


Photo :  Shwe Htoo


Photo :  Shwe Htoo


Photo :  Shwe Htoo



 

Unicode Font:

နိုင်ငံကျော် အနုပညာရှင်စုံတွဲများဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ဇနီးမောင်နှံနှစ်ဦးက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ အနုပညာရှင်တွေဖြစ်သလို နာမည်ကြီးတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို နှစ်ဦးအတူ ပေါင်းစည်းပြီး တိုင်တိုင်ပင်ပင်လုပ်ကိုင်လာတာကြောင့် နယ်ပယ်အစုံမှာ အောင်မြင်လာကြသူတွေ ဖြစ်ခဲ့ကြပါတယ်။

ဇနီးသည် ဘာပဲလုပ်လုပ် ဓာတ်ပုံလေးရိုက်ကာ ပုံလေးတွေ သိမ်းထားတတ်တဲ့ ရွှေထူးက အခုလည်း လမ်းဘေးခွေးလေးကို မုန့်တွေချကျွေးရင်း သနားနေမိတဲ့ ရွှေမှုံ့ရဲ့ပုံလေးကို ပီတိဖြစ်ကာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ထားကောင်းတဲ့ ဇနီးချောလေးကို အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

ရွှေမှုံကတော့ ရွှေထူးကို အရမ်းချစ်တဲ့ ဇနီးချောလေးဖြစ်ပြီး ရွှေထူးကတော့ ဇနီးသည်ကို အလိုက်လိုက်၊ ဂရုစိုက်တတ်တာကြောင့် သူတို့နှစ်ဦးကို ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်တွေနဲ့ အများဆုံးတွေ့ရပါတယ်။ နှစ်ကိုယ့်တစ်စိတ်အဖြစ် အချစ်လမ်းခရီးကို ကျော်ဖြတ်နေကြပြီး ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ရွှေမှုံကို ရွှေထူးက အသည်းတယားယားနဲ့ ချစ်တဲ့သူပါနော်။

ဇီးကွက်ပရိသတ်ကြီးရေ .. ရုပ်လေးလည်း လှ၊ အောင်လည်း အောင်မြင်သလို စိတ်ထားလေးလည်း လှတဲ့ ရွှေမှုံ့ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့ ရွှေထူးက တကယ့်ကိုကံကောင်းပါတယ်နော်။

Source :  Shwe Htoo Facebook

Comment here