Celebrity



Photo Nyein Thaw


Photo Nyein Thaw


Photo Nyein Thaw


Photo Nyein Thaw


Source Nyein Thaw

Unicode


Cotton Ace အတွက် နန်းစန္ဒာလှထွန်းတို့နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ ငြိမ်းသော်
ကိုရီးယားမင်းသားလားလို့ အထင်မှားခံရတတ်ပြီး ည မင်းသားလို့ နှုတ်ခမ်းနီမလေးတွေကြားမှာ ထူးထူးခြားခြား ထင်ရှားနေတဲ့ မော်ဒယ် သရုပ်ဆောင် ငြိမ်းသော်ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။ သူကအခုနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို သေချာအာရုံစိုက်လုပ်ကိုင်လာနေတာ တွေ့မြင်နေ ရပါတယ်။ ပွဲအခမ်းအနားတွေမှာလဲ သူကို မကြာခဏတွေ့မြင်နေရ ပါတယ်။ သူက ပုဆိုးလေးတွေနဲ့ တည်တည် ကြည်ကြည် တွေ့မြင်ရသလို လူငယ်တစ်ဦးလဲဖြစ် မော်ဒယ်တစ်ဦးလဲ ဖြစ်တဲ့အတွက် အမိုက်စား Fashion တွေနဲ့လည်း တွေ့မြင်ရပါတယ်။ ငြိမ်းသော်က မော်ဒယ်လောက ကနေ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးခဲ့တဲ့ “ည” ဇာတ်ကားထဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းကို ကူးပြောင်းခဲ့ပြီး အဲဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ကိုပရိသတ်တွေ မှတ်မိစေခဲ့ပါတယ်။ ပရိသတ်တွေက ညမင်းသားလို့တောင် ချစ်စနိုးနဲ့ နာမည်ပေးထားပါတယ်။ သူက သရုပ်ဆောင်ပိုင်းမှာ ဆိုရင် ကာရိုက်တာမျိုးစုံ ရိုက်ကူးချင်တယ်လို့လဲ ပြောထားပါတယ်နော်။ ငြိမ်းသော်က 2014 ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ဘဝမှာ အခက်ခဲတွေ ရှိခဲ့ပါတယ်လို့ သူကပြောခဲ့ပါတယ်။ အခုဆိုရင် ငြိမ်းသော်တစ်ယောက် သူရဲ့ ဝါသနာကို ကြိုးစားမှုတွေကြောင့် ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ယခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်လုပ် နေရပါတယ်။ သူဘဝမှာ အခက်အခဲတွေရင်ဆိုင်ခဲ့ရတာတွေအပြင် သူ့ဘဝကို ကြိုးစားရင်ဆိုင် ကျော်ဖြတ်ခဲ့ရသူဖြစ်ပါတယ်။ ငြိမ်းသော်က မကြာမီ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ 💋SAI Tint Tint Lip Tattoo တစ်ရောင်ဆီကို ကိုယ်စားပြုတဲ့ 👑Tint Tint Brand Ambassadors👑 လေးယောက်ကို SAI Cosmetix မှ 🧐စတင်ရှာဖွေတဲ့ ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်နော်။ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ငြိမ်းသော်က နန်းစန္ဒာလှထွန်းနဲ့ အပါအဝင် အခြားမော်ဒယ်များနဲ့ ကြော်ငြာရိုက်ကူး နေတာတွေ့ရပါတယ်။ ငြိမ်းသော်က “Cotton Ace” TVC Commercial အမှတ်တရ 😍❤️” ဆိုပြီး အကောင့်မှာ ပြောထားတာတွေ့ရပါတယ်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Comment here