Health

အာလူးကြော်၊ ဝက်အူချောင်းတို့ကိုသာ စားခဲ့လို့ မျက်မမြင်နားမကြား ဖြစ်သွားရတဲ့လူငယ်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အသင့်စား အစားအစာတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်ဘူး၊ လူကို ဆိုးရွားစွာထိခိုက်စေတယ်၊ မစားသင့်ဘူးလို့ အဘက်ဘက်က သတိပေးမှုတွေ ရှိနေသော်လည်း၊ စားသုံးသူတွေဘက်က လိုက်နာမှု အားနည်းခဲ့သလို၊ ရောင်းချတဲ့ ကုန်ပစ္စည်းတွေက ဈေးကွက်ထဲမှာ ရောင်းအားကောင်းဆဲပါ။

အခု အသက်(၁၇)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အားလူချောင်း၊ အာလူးကြော်၊ ဝက်အူချောင်း စသည်တို့ကိုသာ စားသောက်ခဲ့လို့၊ အခုအခါမှာတော့ မျက်မမြင်နားမကြားဘဝကို ရင်ဆိုင်နေရပြီလို့ သိရပါတယ်။ ဒီသတင်းဟာ အားလူကြော်နဲ့ အသင့်စားအစားအစာ ခရေဇီတွေအတွက်တော့ မဖြစ်နိုင်ဘူးလို့ ထင်ဖွယ်ရာ ရှိနေပါတယ်။

သို့သော် ဒီကောင်လေးဟာ တစ်ခြားအစားအစာတွေ မစားဘဲ၊ စောစောကပြောတဲ့ အစားအစာတွေကို (၁၀)နှစ်တိုင်တိုင် အဓိက အစားအစာအဖြစ် စားခဲ့တာလို့ Mirror သတင်းက ဆိုပါတယ်။ University Hospitals Bristol NHS Foundation Trust ရဲ့အဆိုအရ အဲဒီကောင်လေးဟာ ဒီအစားအစာတွေကြောင့် ရှားပါးတဲ့ ရောဂါကို စွဲကပ်ခဲ့တာပါလို့ ပြောပါတယ်။

ကောင်လေးရဲ့အမည်ကိုတော့ ဖော်ပြထားခြင်း မရှိဘဲ၊ သူဟာ ဆယ်စုနှစ်တစ်စုကျော်ကြာ အာဟာရမပြည့်ဝတဲ့၊ ကျန်းမာရေးစံချိန်စံညွှန်း မပြည့်ဝအတဲ့ အစားအစာတွေကိုသာ မှီခိုခဲ့တာဖြစ်လို့ အဟာရမပြည့်ဝသူတွေမှာ ခံစားရလေ့ရှိတဲ့ ရောဂါကို ခံစားခဲ့ရတာလို့ ပြောပါတယ်။ ဒီအကြောင်းကို အင်္ဂလန်လူသိများတဲ့ ဒေါက်တာ Denize Atan က ရေးသားခဲ့တာပါ။

ကောင်လေး ခံစားနေရတဲ့ရောဂါကတော့ Nutritional optic neuropathy (NON) ဖြစ်ပြီး၊ အစာရေစာ ရှားပါးတဲ့ ဆင်းရဲနွမ်းပါးနိုင်ငံမျိုးတွေမှာ တွေ့ရတတ်တဲ့ ရောဂါမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ Atan ကတော့ ကလေး မျက်မမြင်ဖြစ်ရခြင်းဟာ Junk Food တွေကြောင့်ပါလို့ အတိအကျ ဆိုပါတယ်။

အဲဒီအစားအစာတွေ စားလွန်းတာကြောင့် ရှားပါးအဖျားရောဂါတစ်မျိုးဖြစ်တဲ့ Avoidant-restrictive food intake disorder (သို့မဟုတ်) AFRID လို့ခေါ်တဲ့ ရောဂါကို ခံစားရရာကနေ အမြင်ကွယ်သွားခဲ့တာပါတဲ့။ အခုဆိုရင် အကြားအာရုံပါ စတင်ချို့ယွင်းနေပြီး၊ အရိုးပိုင်းအားနည်းတဲ့ ပြဿနာတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

ဒေါက်တာ Atan က သကြားနဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ်လွန်ကဲတဲ့ အစားအစာတွေဟာ အကြားအာရုံကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။ လောလောဆယ် လူနာကောင်လေးကတော့ Bristol Eye Hospital မှာ ဆေးကုသမှု ခံယူခဲ့တာလို့လည်း Atan က ပြောပါတယ်။

Source : Mirror

Photo : flickr

Unicode Font :








Source : Mirror

Photo : flickr

 

Comment here