Celebrity

ကြက်သွေးရောင် မြန်မာဝတ်စုံလေးနဲ့ လှလွန်းလို့ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ ရွှေကစ်ရဲ့ပုံလေးများ

Zawgyi Font:


Photo : Wutt Hmone Shwe Yi


Photo : Wutt Hmone Shwe Yi

Photo : Wutt Hmone Shwe Yi


Photo : Wutt Hmone Shwe Yi

Photo : Wutt Hmone Shwe Yi



 

Unicode Font:

ထိပ်တန်းအနုပညာရှင်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်နေတဲ့ ဝတ်မှုန်ရွှေရည်က အနုပညာသက်တမ်းနှစ်မနည်းတော့တဲ့ မင်းသမီးဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုလျော့ကျမသွားဘဲ အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ရွှေကစ်က အသက် (၃၁) နှစ်ရှိပြီဖြစ်ပေမယ့် နုပျိုလှပနေဆဲပါပဲ။

ရွှေကစ်က အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အရင်ကထက် ငြိမ်တဲ့ဖက်ရှင်မျိုးလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်လာခဲ့ပါတယ်။ ရွှေကစ်က ကြေငြာတစ်ခုအတွက် photo shooting လေးလုပ်ဖြစ်နေပြီး ရိုက်ကွင်းထက်က ပုံရိပ်လေးများက လှလွန်းလို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

ရိုးရိုးရှင်းရှင်းလေးနဲ့ ယဉ်ယဉ်လေးလှတဲ့ မြန်မာဖက်ရှင်လေးနဲ့ ကျက်သရေရှိစွာ လှပကြော့ရှင်းနေတဲ့ ရွှေကစ်ကို နန်းဆန်တဲ့ မြန်မာအမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရပါတယ်။ ရွှေကစ်က ဖက်ရှင်မျိုးစုံနဲ့လိုက်ဖက်ပေမယ့် မြန်မာဝတ်စုံလေးနဲ့ ပိုပြီးလိုက်ဖက်လှပတယ်လို့ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. မြန်မာဝတ်စုံလေးနဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ ရွှေကစ်က တနေ့တခြား တိုးလို့လှနေဆဲပါပဲနော်။ ရွှေကစ်ရဲ့အလှတရားများကို ချစ်တယ်ဆိုရင် အားပေးစကားလေးတွေ ပြောပေးခဲ့ဦးနော်။

Source : Wutt Hmone Shwe Yi Facebook

Comment here