Celebrity

(၁၃၅) ေပါင္ကေန (၁၂၂) ေပါင္က်ဖုိ႕ ခံစားခဲ့ရသမွ်မ်ားကို ေျပာျပလာတဲ့ ေအးေသာင္း

Zawgyi Font:

ျပည္သူခ်စ္ ေအးေသာင္းက အသက္အရြယ္တစ္ခုကို ေရာက္ရွိလာၿပီျဖစ္ေပမယ့္ တေန႕တျခား ခ်စ္ဖို႕ေကာင္းလာတာေတာ့ အမွန္ပါပဲ။ အႏုပညာေလာကကေန ဆယ္စုႏွစ္ေက်ာ္ေပ်ာက္ကြယ္ခဲ့ၿပီးေနာက္ ျပန္ေရာက္လာခ်ိန္မွာေတာ့ အႏုပညာအလုပ္မ်ားကို ဆက္တိုက္လုပ္ျဖစ္ေနတာကို ေတြ႕ရပါတယ္။

Photo : Aye Thaung

ေအးေသာင္းက ပရိသတ္မ်ား ျမင္ေနၾကတဲ့ ခႏၶာကိုယ္မ်ိဳးေလးရေအာင္လုိ႕ ၾကိဳးစားခဲ့ရၿပီး စိတ္ညစ္ခံခဲ့ရတယ္လုိ႕ေျပာျပခဲ့ပါတယ္။ အရင္က (၁၃၅) ေပါင္ရွိၿပီး (၁၂၂) ေပါင္ျဖစ္သြားရတဲ့ အေၾကာင္းအရင္းေလးကို အခုလုိ ေျပာျပလာခဲ့ပါတယ္။

ေအးေသာင္းက “၁၃၅ ေပါင္မွ ၁၂၂ ေပါင္သို႔…… အမေလး လြယ္ေတာ့မလြယ္ပါဘူး။ ကိုယ့္အတြက္ေတာ့ မဝဖို႔ လွဖို႔ ဆိုတာ သူမ်ားေတြအတြက္မဟုတ္ပါ။ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိဖို႔တြက္ပါ။ ၃၀ ေက်ာ္ၿပီးကတည္းက တက္လာတဲ့အဆီေတြက အမွန္အတိုင္းေျပာရရင္ ငယ္ငယ္ကလို ခဏေလးနဲ႔ျပန္ခ်လို႔မရေတာ့ပါ။ ဝတဲ့မ်ိဳး႐ိုးလည္းျဖစ္လို႔တအားထိန္းခဲ့ရပါတယ္။ မဝထဖို႔အတြက္ထိန္းတာပါ။ ဝလာရင္ ေနရထိုင္ရေလးလာတာရယ္။ အဝတ္အစားေတြဝတ္တိုင္းစိတ္ညစ္ရလို႔ မဝေအာင္ အၿမဲႀကိဳးစားခဲ့ရသူပါ။ မ်ားေသာအားျဖင့္ လက္ေမာင္း ခါးေအာက္ ဗိုက္ ေပါင္ရင္း က အဆီေတြက ႐ုပ္ဆိုးဆိုးႀကီးတက္လာေတာ့တာပါပဲ။ ခ်ရအခက္ဆံုက လက္ေမာင္းနဲ႔ ေပါင္ရင္းပါပဲ။” ဆုိၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဖြင့္ဟေရးသားခဲ့ပါတယ္။

Photo : Aye Thaung

Photo : Aye Thaung

ေနာက္ၿပီး ေအးေသာင္းက သူမရဲ႕ခႏၶာကိုယ္အတြက္ စိတ္ညစ္ေနခဲ့တဲ့အခ်ိန္က ေဟာ့ေပါ့ဆိုင္တစ္ခုမွာစားရင္း မအူဝဲ နဲ႔ေတြ႕ေတာ့ “အမရယ္ အၿမဲလွေနတာပဲ။ ေပါက္စီဆို လက္ေမာင္းကအမလိုေသးခ်င္တာ” လို႕ ဖြင့္ဟမိခဲ့တယ္လုိ႕ ေျပာျပခဲ့ပါတယ္။ ပရိသတ္အားလံုးက ေအးေသာင္းရဲ႕ေဘာ္ဒီေလးအေၾကာင္းကို ေသေသခ်ာခ်ာေလး သိၿပီးေနာက္မွာေတာ့ အားလံုးအံ့အားသင့္ခဲ့ၾကပါတယ္။

Photo : Aye Thaung

ဇီးကြက္ပရိသတ္ၾကီးေရ .. ေအးေသာင္းက အခုျမင္ေနရတဲ့ ခႏၶာကိုယ္အခ်ိဳးအစားေလးရဖုိ႕ ၾကိဳးစားခဲ့ၿပီး စိတ္ညစ္ခံခဲ့ရတယ္ဆုိတာ သိရလုိ႕ ေက်နပ္မယ္လုိ႕ ေမွ်ာ္လင့္ပါတယ္ေနာ္။ ေအးေသာင္းရဲ႕ ၾကိဳးစားမႈရွိတဲ့ စိတ္ဓာတ္ေလးကို သေဘာက်ရင္ အားေပးစကားေလးေတြ ဆုိခဲ့ပါဦးေနာ္။

Source : Aye Thaung Facebook

 

Unicode Font:

ပြည်သူချစ် အေးသောင်းက အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပေမယ့် တနေ့တခြား ချစ်ဖို့ကောင်းလာတာတော့ အမှန်ပါပဲ။ အနုပညာလောကကနေ ဆယ်စုနှစ်ကျော်ပျောက်ကွယ်ခဲ့ပြီးနောက် ပြန်ရောက်လာချိန်မှာတော့ အနုပညာအလုပ်များကို ဆက်တိုက်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

အေးသောင်းက ပရိသတ်များ မြင်နေကြတဲ့ ခန္ဓာကိုယ်မျိုးလေးရအောင်လို့ ကြိုးစားခဲ့ရပြီး စိတ်ညစ်ခံခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။ အရင်က (၁၃၅) ပေါင်ရှိပြီး (၁၂၂) ပေါင်ဖြစ်သွားရတဲ့ အကြောင်းအရင်းလေးကို အခုလို ပြောပြလာခဲ့ပါတယ်။

အေးသောင်းက “၁၃၅ ပေါင်မှ ၁၂၂ ပေါင်သို့…… အမလေး လွယ်တော့မလွယ်ပါဘူး။ ကိုယ့်အတွက်တော့ မဝဖို့ လှဖို့ ဆိုတာ သူများတွေအတွက်မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့တွက်ပါ။ ၃၀ ကျော်ပြီးကတည်းက တက်လာတဲ့အဆီတွေက အမှန်အတိုင်းပြောရရင် ငယ်ငယ်ကလို ခဏလေးနဲ့ပြန်ချလို့မရတော့ပါ။ ဝတဲ့မျိုးရိုးလည်းဖြစ်လို့တအားထိန်းခဲ့ရပါတယ်။ မဝထဖို့အတွက်ထိန်းတာပါ။ ဝလာရင် နေရထိုင်ရလေးလာတာရယ်။ အဝတ်အစားတွေဝတ်တိုင်းစိတ်ညစ်ရလို့ မဝအောင် အမြဲကြိုးစားခဲ့ရသူပါ။ များသောအားဖြင့် လက်မောင်း ခါးအောက် ဗိုက် ပေါင်ရင်း က အဆီတွေက ရုပ်ဆိုးဆိုးကြီးတက်လာတော့တာပါပဲ။ ချရအခက်ဆုံက လက်မောင်းနဲ့ ပေါင်ရင်းပါပဲ။” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖွင့်ဟရေးသားခဲ့ပါတယ်။

နောက်ပြီး အေးသောင်းက သူမရဲ့ခန္ဓာကိုယ်အတွက် စိတ်ညစ်နေခဲ့တဲ့အချိန်က ဟော့ပေါ့ဆိုင်တစ်ခုမှာစားရင်း မအူဝဲ နဲ့တွေ့တော့ “အမရယ် အမြဲလှနေတာပဲ။ ပေါက်စီဆို လက်မောင်းကအမလိုသေးချင်တာ” လို့ ဖွင့်ဟမိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ပရိသတ်အားလုံးက အေးသောင်းရဲ့ဘော်ဒီလေးအကြောင်းကို သေသေချာချာလေး သိပြီးနောက်မှာတော့ အားလုံးအံ့အားသင့်ခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. အေးသောင်းက အခုမြင်နေရတဲ့ ခန္ဓာကိုယ်အချိုးအစားလေးရဖို့ ကြိုးစားခဲ့ပြီး စိတ်ညစ်ခံခဲ့ရတယ်ဆိုတာ သိရလို့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။ အေးသောင်းရဲ့ ကြိုးစားမှုရှိတဲ့ စိတ်ဓာတ်လေးကို သဘောကျရင် အားပေးစကားလေးတွေ ဆိုခဲ့ပါဦးနော်။

Source : Aye Thaung Facebook

Comment here