Celebrity

ရွှေတိဂုံဘုရားပေါ် ရောက်ခိုက် အဘွားအို၊ မယ်သီလရှင်များကို အလှူငွေများ လှူဒါန်းရင်း ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ပိုင်တံခွန်

Zawgyi Font:


Photo : Paing Takhon


Photo : Paing Takhon

Photo : Paing Takhon


Photo : Paing Takhon



 

Unicode Font:

ပိုင်တံခွန်က အသက်ငယ်ငယ်လေးနဲ့ ပြည်ပအထိတောင် အောင်မြင်ကျော်ကြားလာခဲ့လို့ မြန်မာပြည်သူပြည်သားများက သူ့အတွက် ဂုဏ်ယူနေကြပြီး ပိုင်တံခွန်က သူ့ရဲ့ဘဝလေးကို သာမန်ပုံစံလေးနဲ့သာ နောက်နောက်ပြောင်ပြောင်နေတတ်လို့ အားလုံးက ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က နာမည်ကျော်ကြားလာတာနဲ့အမျှ အလုပ်များကို တနေကုန်လုပ်ကိုင်နေရတာကြောင့် အားလပ်ရက်မှာ ဘုရားပေါ်တက်ကာ ကုသိုလ်ယူခဲ့ပါတယ်။

ပိုင်တံခွန်က ရွှေတိဂုံဘုရားဖူးရင်း ဘုရားပေါ်က အဘွားအိုများ၊ မယ်သီလရှင်များကို အလှူငွေများ လှူဒါန်းကာ ဝမ်းသာကြည်နူးနေတာကို မျက်နှာပေါ်မှာ အထင်းသားမြင်တွေ့ရပါတယ်။ မနက်ခင်းလေးမှာ အင်္ကျီအဖြူလည်ကတုံးလေးနဲ့ ခန့်ငြားနေခဲ့ပြီး ကုသိုလ်ကောင်းမှုတွေ တန်းစီပြီးလုပ်ခဲ့ပါတယ်။

ပိုင်တံခွန်ရဲ့ မွန်မြတ်တဲ့ အလှူဒါနနဲ့ ကုသိုလ်စိတ်လေးကြောင့် ပရိသတ်များအားလုံး သဘောကျနှစ်သက်ခဲ့ကြပြီး သာဓုများလည်း ခေါ်ဆိုပေးခဲ့ကြပါတယ်။ ပိုင်တံခွန်က ရုပ်လေးလည်း ချောပြီး စိတ်ထားလေးလည်း ကောင်းမွန်လို့ပြည်သူတွေကပါ သဘောကျလာကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ပိုင်တံခွန်ရဲ့မွန်မြတ်တဲ့ အလှူဒါနများအတွက် သာဓု ခေါ်ကြရအောင်နော်။

Source : Paing Takhon Facebook

Comment here