Celebrity

ခပ်ပျော့ပျော့ကောင်လေးမဟုတ်ဘူးဆိုတာ ငှက်ပျောသီးခြင်းတွေ မပြီး သက်သေပြလိုက်တဲ့ ပိုင်တံခွန်

Zawgyi Font:


Photo : Paing Takhon


Photo : Paing Takhon


Photo : Paing Takhon


Photo : Paing Takhon


 

Unicode Font:

ပြည်ပနိုင်ငံများအထိ ပေါက်ရောက်ကျော်ကြားလာတဲ့ မြန်မာနိုင်ငံသားလေး ပိုင်တံခွန်က ဖြောင့်စင်းတဲ့ အရပ်၊ နိုင်ငံတကာမှာ ခေတ်စားတဲ့ ဘော်ဒီပုံစံလေးရှိလို့ နှုတ်ခမ်းနီမလေးများရဲ့ သည်းသည်းလှုပ် အားပေးကြမ်းမှုများကို ပိုးစိုးပက်စက်ရရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံသူချောလေးများရဲ့ ဝိုင်းချစ်ခံရမှုများကို ရရှိရုံသာမက ထိုင်းသူချောလေးများရဲ့ အချစ်များကို သိမ်းကြုံးထားနိုင်ခဲ့တဲ့ ပိုင်တံခွန်က အနုပညာလမ်းကြောင်းပေါ်မှာ ပိုလို့တောင် အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။

ပိုင်တံခွန်က အချိုးအစားပြေပြစ်ပြီး မော်ဒယ်လ်ချောလေးလည်း ဖြစ်လို့ လေးလံတဲ့ပစ္စည်းများကို မ မနိုင်ဘူးလို့ အားလုံးက ထင်ထားကြပါတယ်။ ဒါပေမယ့် အဲ့လိုထင်မြင်ချက်များကို ပိုင်တံခွန်က ရိုက်ချိုးပြစ်လိုက်ပါတယ်။ ပိုင်တံခွန်က ဟိတ်ကြီးဟန်ကြီး လုပ်တတ်တဲ့သူမဟုတ်သလို ခွဲခြားဆက်ဆံတတ်သူမဟုတ်လို့ ငှက်ပျောသီးသစ်သားတောင်းများကို အေးဆေးလေးပဲ မနိုင်ခဲ့ပါတယ်။

 

ဒီပုံလေးတွေကို တင်ပြီးမကြာခင်မှာပဲ ကြည့်ရှုသူပေါင်း၊ ကြိုက်နှစ်သက်သက်ပေါင်း ထောင်ချီ၊သောင်းချီ ရှိသွားခဲ့ပါတယ်။ ပိုင်တံခွန်က အင်္ကျီစွတ်ကျယ်နဲ့ ဆံပင်များ ရှုပ်ထွေးနေတဲ့ ပုံသဏ္ဍာန်က တကယ့်ကို ဘဝသမားတစ်ဦးနဲ့တူသလို ယောကျာ်းပီသကြောင်းလည်း မြင်တွေ့ရတာကြောင့် မိန်းကလေးအပေါင်း အသည်းများကြွေဆင်းခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ပိုင်တံခွန်က နာမည်ကျော်ကြားအောင်မြင်ပေမယ့် သူ့ရဲ့ဘဝလေးကို ပုံမှန်လေးအဖြစ်သာ သတ်မှတ်ထားပြီး ယောကျာ်းပီသတယ်ဆိုတာလည်း မြင်တွေ့ရပါတယ်နော်။ ပိုင်တံခွန်ရဲ့ပုံလေးတွေနဲ့ စိတ်ဓာတ်လေးကို ချစ်ရင် အားပေးစကားလေးတွေ ချီးမြှင့်ခဲ့ဦးနော်။

Source : Paing Takhon Facebook

Comment here