Celebrity



Photo Sai Sai Kham Hlaing


Photo Sai Sai Kham Hlaing


Photo Sai Sai Kham Hlaing


Source  Sai Sai Kham Hlaing

Unicode


လောကဓံထုရိုက်မှုတွေနဲ့ အသားကျယဉ်ပါး လာခဲ့ပေမယ့် ဂျစ်ကန်ကန်မနက်တွေနဲ့ ပေတိပေစောင်းည တွေကို လွမ်းမောမိတယ် လို့ရင်ဖွင့်လာတဲ့ စိုင်းစိုင်း
စိုင်းစိုင်းကတော့ အသက်လေးဆယ် လို့မထင်ရအောင် နုပျိုတာကြောင့် မအိုဆေးသောက် ထားသလားလို့ ထင်မှတ်ရပါ တယ်။ စိုင်းစိုင်းဟာ နုပျိုသလောက် သူရဲ့အောင်မြင်မှု တွေကလဲ ဆယ်စုနှစ်ချီနေပါပြီ။ စိုင်းစိုင်း Hip Hot, Pop, Rap သီချင်းတွေကို ကိုယ်တိုင်းဖန်ဆီးကာ ရေးစပ်သီဆိုခဲ့သူလဲဖြစ်ပါတယ် ဟိုတုန်းကတည်း အခုချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ နှုတ်ဖျားက စိုင်းစိုင်းဟာ အခုထိ စိုင်းစိုင်းဆိုတာပါပဲ။ ဟိုတစ်ချိန် စိုင်းစိုင်း တစ်ယောက်အနုပညာ အလုပ်တွေစတင် လုပ်ကိုင် ကတည်းက ခေတ်မီပြီး စမတ်ကျကျ အထားကျကျနေ တတ်တာကလည်း စိုင်းစိုင်းရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ သူရဲ့အမာခံ ပရိသတ်တွေကလည်း စိုင်းစိုင်း ဟိုတစ်ချိန်း ကတည်းက အစဉ်အမြဲအားပေးလာကြတာ ယနေ့အထိပါပဲ။ သူ့အပေါ်မှာအချစ်တွေ လျော့မသွားပဲ ပိုပိုတိုးပြီး အားပေး ချစ်လာကြ တာကလဲ စိုင်းစိုင်း အောင်မြင်မှုတွေပါပဲ။ စိုင်းစိုင်းကို ပရိသတ်တွေ ဘာကြောင့်ချစ်ကြလဲဆိုတဲ့ ထူးခြားတဲ့အချက် တစ်ချက်ရှိပါတယ်။ အဲဒါက ဘယ်သူတွေလဲပဲ ဝေဖန်ပါစေ စိုင်းစိုင်းက စိတ်မဆိုးပဲ အပြုံးလေးတုန့်ပြန်တာတွေ Toller Photo ဘယ်လိုပဲလုပ်လုပ် တစ်ခါတစ်လေ ဟာသနှောပြီး သူကတုန့်ပြန်လေ့ရှိတဲ့အတွက် သူရဲ့ပရိသတ်တွေ အမုန်းမပွားရပဲ အချစ်တွေပဲပိုရပြန်ပါတယ်။ ဒါဟာလဲ စိုင်းစိုင်းအားသာချက် တစ်ခုပါနော်။ လက်တလောမှာ စိုင်းစိုင်း ငယ်စဉ်ကဖြတ်သန်းလာတဲ့ အတိတ်တွေကို လွမ်းမိတယ်လို့ ရင်ဖွင့်ထားပါတယ်။ “လောကဓံထုရိုက်မှုတွေနဲ့ အသားကျယဉ်ပါး လာခဲ့ပေမယ့် ဂျစ်ကန်ကန်မနက်တွေနဲ့ ပေတိပေစောင်းည တွေကို လွမ်းမောမိပေရဲ့” ဆိုပြီး သတိရစွာ ရင်ဖွင့်ထားပါတယ်နော်။ စိုင်းစိုင်းလိုပဲ ငယ်စဉ်ကဘဝကို လူတိုင်းတစ်ခါတစ်ရံ တမ်းတသတိရတဲ့ သူတွေရှိလိမ့်မယ်လို့ ထင်ပါတယ်။ အနုပညာရှင် တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Comment here