Celebrity

မိသားစုစုံစုံလင်လင်နဲ့ ပွဲတက်ရောက်ခဲ့တဲ့ ပန်းရောင်ခြယ်

Zawgyi Font:


Photo : Phonn Photography

Photo : Phonn Photography


Photo : Phonn Photography

Photo : Phonn Photography


Photo : Phonn Photography

Photo : Phonn Photography

Photo : Phonn Photography


 


 

Unicode Font:

ဖခင်ဖြစ်သူ ဂရေဟမ်နဲ့အတူ တေးသီချင်းများကို လက်တွဲလုပ်ရင်းနဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်လာတဲ့ ပန်းရောင်ခြယ်ဟာ လှပပြီး စကားပြောယဉ်ကျေးတာကြောင့် တခဏအတွင်းမှာပဲ ပရိသတ်များရဲ့ အားပေးချစ်ခင်မှုကို တဟုန်ထိုး ရရှိလာခဲ့ပါတယ်။

ပန်းရောင်ခြယ်က ဖျော်ဖြေမှုများကိုပါ ပြုလုပ်လာရပြီး ပွဲအခမ်းအနားများကိုလည်း တက်ရောက်ပေးနေတာကို တွေ့ရပါတယ်။ တနေ့ကကျင်းပတဲ့ MITSUBISHI XPANDER Media Test Drive event ပွဲလေးကို မိသားစုလိုက်တက်ရောက်လာခဲ့ပြီး တစ်ယောက်တစ်မျိုးစီ လှပနေကြတာကို တွေ့ရပါတယ်။

ပန်းရောင်ခြယ်က မိဘများနဲ့အတူ ပွဲအခမ်းအနားများကို အတူတက်ရောက်လေ့ရှိတာကြောင့် သမီးအလိမ္မာလေးလို့ ထင်ကြေးပေးကြပါတယ်။ ငယ်ရွယ်ပြီး လှပတဲ့ ဂုဏ်သတင်းကြောင့် ပုရိသအမျိုးသားတွေ သဘောကျခဲ့ကြပြီး သူမရဲ့နေ့စဉ်လှုပ်ရှားမှုလေးများကိုလည်း စောင့်ကြည့်အားပေးကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. အေးချမ်းသာယာပြီး သဘောမနောကောင်းတဲ့ ဂရမ်ဟမ်တို့မိသားစုလေးကို ချစ်သေးရင် အားပေးစကားလေးတွေ ပြောပေးခဲ့ကြဦးနော်။

Source : Pan Yaung Chel Facebook

Comment here