Celebrity

ဖျားချင်နေပေမယ့် အလုပ်တွေ မလုပ်နိုင်မှာစိုးလို့ ဆေးကြိုသောက်နေတဲ့ တိုင်ရွန်

Zawgyi Font:


Photo : Tyron Bejay


Photo : Tyron Bejay


Photo : Tyron Bejay

Photo : Tyron Bejay


 


 

Unicode Font:

မိန်းကလေးပရိသတ်များရဲ့ အားပေးမှုနဲ့အတူ မော်လ်ဒယ်လောကမှာ အလှပဆုံးအောင်မြင်ကျော်ကြားလာခဲ့တဲ့ တိုင်ရွန်ဟာ ပြင်းထန်လှတဲ့ ကြိုးစားမှုများကြောင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်လာခဲ့ပါတယ်။ တိုင်ရွန်က ဆက်တိုက်ဆိုသလို ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးလာခဲ့ပြီး သူပါဝင်ခဲ့သမျှ ဇာတ်ကားတိုင်းက ပရိသတ်များရဲ့အကြိုက်နဲ့ထပ်တူ ကျခဲ့တာကြောင့် ရုပ်ရှင်လောကမှာ တဟုန်ထိုး နာမည်ရလာခဲ့ပါတယ်။

တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ရိုက်ကူးလာရပြီး အနုပညာအလုပ်တွေကို မနက်မိုးလင်းတဲ့အထိ ကြိုးစားလုပ်ကိုင်နေတာကြောင့် နေမကောင်းဖြစ်ချင်နေပြီလို့ ဆိုပါတယ်။ နေမကောင်းဖြစ်ရင် အလုပ်တွေဆက်မလုပ်နိုင်မှာစိုးလို့ ဆေးကိုကြိုသောက်နေပါတယ်တဲ့။

တိုင်ရွန်က “ဖျားတော့မယ်ဆိုတာသိလို့ Decolgen နဲ့ ဖမ်းထိန်း ထားလိုက်တယ် ဂရုစိုက်ပါကွာ ဖျားချင်နေပီဆိုပြော ဆေးလာတိုက်မယ်……” ဆိုပြီး နေမကောင်းဖြစ်ချင်နေတာတောင် နောက်နိုင်သေးလို့ ပရိသတ်များ သဘောကျစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. အလုပ်တွေကို ကြိုးစားလွန်းလို့ နေမကောင်းဖြစ်နေပြီဖြစ်တဲ့ တိုင်ရွန်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြဦးနော်။

Source : Tyron Bejay Facebook

Comment here