Celebrity

မြမြ ဇာတ်ကားကြီးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇာတ်ကားရိုက်ကူးခွင့် ပြုလိုက်ပြီ

Zawgyi Font:


Photo : မြမြ


Photo : မြမြ


Photo : မြမြ


 

Source : မြမြ Facebook

 

Unicode Font:

မြမြ ဇာတ်ကားကြီးကို စတင်စေမယ့် အကြောင်းအရာများ ပေါ်ထွက်လာကတည်းက ပြည်သူလူထုတွေ တုန်လှုပ်ခြောက်ခြားခဲ့ရပြီးနောက် ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးမယ်လို့ သိလိုက်ကြတဲ့အခါမှာတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြပါပြီ။ မြမြ ဇာတ်ကားကြီးကို ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမှာဖြစ်ပြီး သင်ဇာဝင့်ကျော်က မြမြ ကာရိုက်တာနဲ့ အဓိက သရုပ်ဆောင်သွားမယ်လို့ အတိတလင်းဖော်ပြခဲ့ပြီးနောက် ပရိသတ်တွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။

ဒီဇာတ်ကားကြီးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နိုင်ပြီဆိုတာ အတိတလင်းထွက်ပေါ်လာပါပြီ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇာတ်ကားရိုက်ကူးခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် ဒါရိုက်တာ ညိုမင်းလွင်တစ်ယောက် အတော်လေးပျော်ရွှင်အားရသွားခဲ့ပါတယ်။

မြမြ ဇာတ်ကားအတွက် မုဒိမ်းကျင့်မယ့် သရုပ်ဆောင်သစ်ရွေးချယ်ပွဲလေးကိုလည်း တလောကမှာ ကျင်းပခဲ့ပြီး ဒီလို စင်မြင့်ထက်မှာ သရုပ်ပြခြင်းအပေါ် ပြည်သူများက ဆိုးရွားတဲ့ဝေဖန်ချက်များပေးကာ ထောက်ပြပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် မြမြ ဇာတ်ကားကြီးကို (၁၀) ပိုင်းမှာစတင်ပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. မြမြ ဇာတ်ကားကြီးကို ရုပ်လုံးပေါ်တင်ဆက်နိုင်ဖို့အတွက် အခုဆိုရင် ဒါရိုက်တာတွေနဲ့ အနုပညာရှင်များက စတင်ပြီး ကြိုးစားတော့မှာဖြစ်တာကြောင့် မြမြ ဇာတ်ကားကြီး ထွက်ရှိလာရင် အားပေးကြဖို့ စောင့်မျှော်ကြရအောင်နော်။

Source : မြမြ Facebook

Comment here