Celebrity

အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်များနဲ့တွဲရိုက်ထားတဲ့ တချိန်က ပုံဟောင်းလေးကို အမှတ်တရအနေနဲ့ ပြန်လည်ထုတ်ပြလာတဲ့ နန်းဆုရတီစိုး

Zawgyi Font:


Photo : Minn Aike


Photo : Nansu Yati Soe


Photo : Nansu Yati Soe


Photo : Nansu Yati Soe


 

Unicode Font:

ချစ်စရာကောင်းတဲ့ ရုပ်သွင်လေးနဲ့ ချိုသာတဲ့ စကားပြောပုံလေးကြောင့် ပရိသတ်များရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ နန်းဆုက အေးအေးဆေးဆေးနေတတ်သလို ခရီးသွားလိုက်၊ အနုပညာအလုပ်လုပ်လိုက်၊ စားလိုက်သောက်လိုက်နဲ့ သူမရဲ့ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့ပါတယ်။

နန်းဆုက သဘောမနောလည်း ကောင်းတာကြောင့် လူချစ်လူခင်များခဲ့ပြီး အနုပညာရှင်မောင်နှမများနဲ့လည်း ဆက်ဆံရေးအဆင်ပြေခဲ့ပါတယ်။ နန်းဆုရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်ကျော်ပြီဖြစ်တာကြောင့် စီနီယာကျတဲ့ အနုပညာရှင်ဖြစ်လို့နေပါပြီ။

နန်းဆုက အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ မြင့်မြတ်၊ မိုးအောင်ရင်၊ မခိုင်လေး၊ သင်ဇာဝင့်ကျော်တို့နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့ ပုံအဟောင်းလေးတွေကို ပြန်ကြည့်ပြီး ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။

နန်းဆုက “Group ထဲ ဒီပုံလေးတွေလာတင်ထားတာတွေ့လို့ အဲ့တုန်းအချိန်တွေပြန်ရောက်သွားသလို အပျော်တွေပြန်ကူးစက်ခံစားမိ😍🥰🥰 we are forever friends 😊 အမြဲနုပျိုလှပနေတဲ့ မမခိုင်လေးကလည်း ကိုယ်တွေရဲ့ဘော်ဒါပါနော်😁” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

Source : Nansu Yati Soe Facebook

Comment here