EventHot NewsKnowledge
မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် 1955 “OXFORD” LAND ROVER The Last Overland: စကာင်္ပူမှ လန်ဒန်သို့ မိုင်ပေါင်းတစ်သောင်း ခရီးကိုကျော်ဖြတ်၍ သမိုင်းပြန်လည်ရေးထိုးခြင်း အခမ်းအနား
မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် 1955 “OXFORD” LAND ROVER The Last Overland: စကာင်္ပူမှ လန်ဒန်သို့ မိုင်ပေါင်းတစ်သောင်း ခရီးကိုကျော်ဖြတ်၍ သမိုင်းပြန်လည်ရေးထိုးခြင်း အခမ်းအနား
မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် 1955 “OXFORD” LAND ROVER The Last Overland: စကာင်္ပူမှ လန်ဒန်သို့ မိုင်ပေါင်းတစ်သောင်း ခရီးကိုကျော်ဖြတ်၍ သမိုင်းပြန်လည်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းလမ်းဆုံအနီးရှိ Land-Rover Showroom တွင် စက်တင်ဘာလ 6ရက်နေ့ မနက်တွင် ကျင်းပခဲ့ပါသည်။
Photo: ZeeKwat
20ရာစု၏အထင်ကရအဖြစ်ဆုံးနှင့် စိန်ခေါ်မူအရှိဆုံးကားမောင်းခရီးစဉ်တစ်ခုဖြစ်သော The Last Overland အဖြစ်ဖန်တီးထားသည့် ပထမဆုံးသော ခရီးစဉ် (The First Overland ) 1955 ခုနှစ်ထုတ် ရှေးကျဆုံး Landrover ကားကြီးမှာ ‘Oxford ‘ Series I Land Rover နာမည်ဖြင့် လန်ဒန်မှ စကာင်္ပူသို့ မောင်းနှင်ခဲ့ကြခြင်းဖြစ်၏ ယခုလ 25 သြဂုတ် 2019 တွင် The Last Overland အဖြစ် စကာင်္ပူမှထွက်ခွာလာခဲ့သော ‘Oxford’ Land rover သည် ၁၁ရက်ကြာခရီးစဉ်ကိုဖြတ်သန်းပြီးနောက် ရန်ကုန်သို့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
Photo: ZeeKwat
Photo: ZeeKwat
Photo: ZeeKwat
၁၉၅၅ခုနှစ် ၁၉၅၆ခုနှစ် အတွင်း လူငယ်၆ယောက်ဖြင့် ဖြွ့စည်းထားသော အဖွဲ့သည် လန်ဒန်မှ စကာင်္ပူသို့ မိုင်ပေါင်း ၁၀၀၀၀ ကို ပထမဆုံးအနေဖြင့် အောင်မြင်စွာ ဖြတ်ကျော် မောင်းနှင်ခဲ့ပြီး သမိုင်းရေထိုးနိုင်ခဲ့ကြသည်။
Photo: ZeeKwat
လူကြီးမင်းတို့ ထပ်မံလေ့လာသိရှိလိုပါက https://www.lastoverland.com/ တွင် ၀င်ရောက်ကြည့်ရူနိုင်ပြီး ၎င်းပွဲအခမ်းအနား Video နှင့် interview ကိုလည်း ZeeKwat page တွင် ထပ်မံ တင်ပေးမှာမို့ စောင့်ကြည့်ပေးပါဦးနော်
Source: The Last Overland
Unicode
မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် 1955 “OXFORD” LAND ROVER
The Last Overland: စကာၤပူမှ လန်ဒန်သို့ မိုင်ပေါင်းတစ်သောင်း
ခရီးကိုကျော်ဖြတ်၍ သမိုင်းပြန်လည်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းလမ်းဆုံအနီးရှိ Land-Rover Showroom တွင် စက်တင်ဘာလ 6ရက်နေ့ မနက်တွင် ကျင်းပခဲ့ပါသည်။
20ရာစု၏အထင်ကရအဖြစ်ဆုံးနှင့် စိန်ခေါ်မူအရှိဆုံးကားမောင်းခရီးစဉ်တစ်ခုဖြစ်သော The Last Overland အဖြစ်ဖန်တီးထားသည့် ပထမဆုံးသော ခရီးစဉ် (The First Overland ) 1955 ခုနှစ်ထုတ် ရှေးကျဆုံး Landrover ကားကြီးမှာ ‘Oxford ‘ Series I Land Rover နာမည်ဖြင့် လန်ဒန်မှ စကာၤပူသို့ မောင်းနှင်ခဲ့ကြခြင်းဖြစ်၏ ယခုလ 25 သြဂုတ် 2019 တွင် The Last Overland အဖြစ် စကာၤပူမှထွက်ခွာလာခဲ့သော ‘Oxford’ Land rover သည် ၁၁ရက်ကြာခရီးစဉ်ကိုဖြတ်သန်းပြီးနောက် ရန်ကုန်သို့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာခဲ့သော The Last Overland အဖွဲ့သည် ၎င်းတို့၏လမ်းကြောင်းကို မြန်မာနိုင်ငံ၏သမိုင်းဝင်လှပသည့် မြို့များဖြစ်ကြသော မော်လမြိုင်၊ဘားအံနှင့် ပဲခူးမြို့တို့ကို ဖြတ်ကျော်ပြီး ဗြိတိသျှတို့၏ အမွေအနှစ်များ ခိုင်မာစွာကျန်ရှိရာ ရန်ကုန်မြို့တော်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
၁၉၅၅ခုနှစ် ၁၉၅၆ခုနှစ် အတွင်း လူငယ်၆ယောက်ဖြင့် ဖွြ့စည်းထားသော အဖွဲ့သည် လန်ဒန်မှ စကာၤပူသို့ မိုင်ပေါင်း ၁၀၀၀၀ ကို ပထမဆုံးအနေဖြင့် အောင်မြင်စွာ ဖြတ်ကျော် မောင်းနှင်ခဲ့ပြီး သမိုင်းရေထိုးနိုင်ခဲ့ကြသည်။ အဆိုပါအဖွဲ့တွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် Tim Slessor နှင့် မြေးဖြစ်သူ
Alex Bescoby တို့ အပါအဝင် လူ၈ယောက်အဖွဲ့သည် မူလခရီးစဉ်အတိုင်း ပြန်လည်ခြေရာကောင် မောင်းနှင်ကြမည်ဖြစ်သည်။
မတူညီသောမျိုးဆက်နှစ်ဆက်ပါဝင်သည့် ခရီးသွားမောင်းနှင်သူများနှင့် လမ်းတစ်လျှောက်သူတို့ တွေ့ဆုံကြရမည့် လူအများ၏မျက်လုံးများတွင်တော့ The Last Over Land သည် The First Overland ခရီးစဉ်စတင်သည့်အချိန် ၁၉၅၅ မှသည် ယနေ့ကမ္ဘာကြီးမည်မျှအထိ အမှန်တကယ်ပြောင်းလဲတိုးတက်သွားကြောင်းကို ကျွနုပ်တို့ မြင်တွေ့ရမှာ အသေအချာပင် ဖြစ်ပါသည်။
လူကြီးမင်းတို့ ထပ်မံလေ့လာသိရှိလိုပါက https://www.lastoverland.com/ တွင် ဝင်ရောက်ကြည့်ရူနိုင်ပြီး ၎င်းပွဲအခမ်းအနား Video နှင့် interview ကိုလည်း zeeKwat page တွင် ထပ်မံ တင်ပေးမှာမို့ စောင့်ကြည့်ပေးပါဦးနော်
Comment here