Celebrity
Photo Bling Bling
Photo Bling Bling
Photo Bling Bling
Photo Bling Bling
Photo Bling Bling
Source Su Sha Naing
Unicode
အမိုက်စား fashion နဲ့ အသည်းယားဖွယ်အပြုအမူလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ပတ်ထရစ်ရှာ
ပရိသတ်ကြီးရေ မင်းသမီးလေး စူးရှနိုင်ကတော့ ဖက်ရှင်အမိုက်စားတွေနဲ့ ပရိသတ်အမြင်အာရုံကို ဖမ်းစား တတ်တဲ့ Professional Model တစ်ဦး ဖြစ်ပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အမြဲပါဝင်တတ်တဲ့သူဖြစ်သလို သူများ တွေနဲ့ မတူတဲ့အလှကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း ဖြောင့်စင်းတဲ့ နှာတံနဲ့ ဆွဲဆောင် မှုအပြည့်ရှိတဲ့ နှုတ်ခမ်းလှလှတွေကို ပိုင်ဆိုင်ထားတဲ့ သူမက နိုင်ငံခြားဆန်တဲ့မျက်နှာမျိုးနဲ့ ထူးခြားစွာလှသူ လေးပဲ ဖြစ်ပါပြီး နာမည်ကြီး အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်သရုပ်ဆောင် မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ သူမက ငယ်ရွယ်တက်ကြွပြီး နိုင်ငံခြား မင်းသမီးတွေလို မျက်နှာနဲ့ ဆွဲဆောင်မှုရှိသူလေး ဖြစ်ပါ တယ်။ Showပွဲတွေမှာလည်းပါဝင်လျှောက်လှမ်းသလို အမိုက်စား ပုံတွေကိုလည်း ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။ ကပြားရုပ်လေးနဲ့ ပုရိသတွေကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီး ပတ်ထရစ်ရှာကတော့ သူကြိုက်ရတဲ့ အားကျရတဲ့ အနုပညာရှင်တွေအကြောင်း ပြောသွားပြီး မင်းသားအောင်ရဲလင်းကို Crush နေတဲ့အကြောင်းကိုပါ ရင်ဖွင့်သွားခဲ့ပါတယ်။ မင်းသမီး ပတ်ထရစ်ရှာ ကတော့ သူကြိုက်တဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး “ညီမက မြန်မာပြည်မှာဆိုရင် ကြိုက်တာနှစ်ယောက်ပဲရှိတယ်။ ရူးသွပ်တာပေ့ါနော်။ ပထမဆုံး crush ဖြစ်မိတာ ကိုအောင်ရဲလင်း။ မင်းသမီးထဲမှာ မကစ်ပေါ့နော်။ ဝတ်မှုန်ရွှေရည်။ အဲဒီနှစ်ယောက်ပေါ့နော်” ဆိုပြီး ပြောထားပါတယ်နော်။ အခုဆိုသူမက ကြော်ငြာ၊ ဗီဒိယိုဇာတ်ကားတွေလည်း ရိုက်ကူးသလို ရုပ်ရှင်ကားကြီးတွေကိုပါ ရိုက်ကူးသရုပ်ဆောင်လာပြီ ဖြစ်ပါတယ်။ ရှာရှာကတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်တွေနဲ့ အမိုက်စား အလှပုံလေးတွေကို သူရဲ့ Instagram အကောင့်မှာ အများဆုံး ဖော်ပြလေ့ရှိတာ တွေ့ရပါတယ်။ လတ်တလောမှာ ရှာရှာတစ်ယောက် Not Copyrighted Fashion Show အခမ်းနားပွဲကို တက်ရောက်တဲ့ အမိုက်စား Fashion နဲ့ အသည်းယားဖွယ် အပြုမူလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ ရှာရှာရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here