Celebrity
Photo Mie Mie Lay
Photo Mie Mie Lay
Photo Mie Mie Lay
Photo Mie Mie Lay
Source Naw Phaw El Htar
Unicode
ဝါဝါဝင်းရွှေဆိုင်အတွက် ကြော်ငြာရိုက်ကူးခဲ့တဲ့ နော်ဖောအယ်ထားနဲ့ ခါရာ
နော်ဖောအယ်ထား ကိုတော့ သူ့ရဲ့ပရိသတ်တေက မြန်မာပြည်ရဲ့ Liu Yifei (ဂူးဂူး)လေးဆိုပြီး တင်စားခံရတဲ့ တက်သစ်စ တိုင်းရင်းသူ မော်ဒယ်တစ်ဦးပါဖြစ်ပါတယ်။ သူမရဲ့ မျက်နှာကျ၊ ဖြူဖြူသွယ်သွယ် Cute Type အလှမျိုးကို ပိုင်ဆိုင်ထားပြီး တရုတ် မင်းသမီးလေး Liu Yifei(ဂူးဂူး)နဲ့တူလို့ မြန်မာပြည်က ပရိသတ်တွေကြားမှာ ရေပန်စားနေတဲ့သူပါ။ သူမက SAI Cosmetics ကြော်ငြာနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင် လာတာ တွေ့ရပါတယ်။ နော်ဖောအယ်ထားက အနုပညာလုပ်တွေကို ဝါသနာပါပြီး ကြိုးကြိုးစားစား လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေ အားပေးခြင်းခံရပြီး အောင်မြင်မှုလမ်းကြောင့်ပေါ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မကြာခဏသူမကို အနုပညာပွဲတွေ၊ အခမ်းနားပွဲတွေ၊ ကြော်ငြာတွေမှာပါ တွေ့မြင်လာနေရပါတယ်နော်။ ဟောင်ကောင်အက်ရှင်မင်းသားနဲ့မှားရလောက်တဲ့ ခါရာ မော်ဒယ်လ် သရုပ်ဆောင် ခါရာ က အနုပညာလုပ်ငန်းကို မစ်စ်တာ MISTER တစ်ယောက်အနေနဲ့စတင်ခြေလှမ်းခဲ့ပါတယ်။ ယခုအချိန်မှာတော့ သီချင်း၊ ဗီဒီယိုနဲ့ ကြော်ငြာ များမှာ ပါဝင်လာခဲ့ပါတယ်။ အမိုက်စား Body နဲ့ ရုပ်ရည်ဖြောင့်မတ်တာကြောင့် ပျိုမေများသည်းသည်းခိုက်တဲ့ မင်းသားတစ်ယောက် ဖြစ်လာပါတယ်။ သူအခုလို ဟောင်ကောင်အက်ရှင်မင်းသားနဲ့တူလို့ ပရိသတ်တွေ သတိထားမိလာပြီး အားပေးခြင်းခံရသူတစ်ဦးလဲ ဖြစ်ပါတယ်နော်။ ခါရာ ပါဝင်ရိုက်ကူးထားတဲ့ မြို့ပြမုဆိုးများ ရှုပ်ရှင်မှာလဲ သူရဲ့ အနုပညာများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ယနေ့မှာတော့ ခါရာနဲ့ နော်ဖောအယ်ထားတို့ရဲ့ ဝါဝါ၀င်းရွှေဆိုင်အတွက် ကြော်ငြာရိုက်ကူးခဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here