Celebrity

မြန်မာမိန်းကလေးတစ်ဦးရဲ့ အလှတရားများက ကျက်သရေမင်္ဂလာရှိကြောင်း ဖော်ပြလိုက်တဲ့ အေးသောင်း

Zawgyi Font:


Photo : Li John Photography

Photo : Li John Photography


Photo : Li John Photography

Photo : Li John Photography

Photo : Li John Photography


Photo : Li John Photography

Photo : Li John Photography


Photo : Li John Photography

Photo : Li John Photography


 

Unicode Font:

မြန်မာ့အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးတစ်ဦးများထဲက တစ်ဦးဖြစ်တဲ့ အေးသောင်းက တခေတ်တခါတည်းက အောင်မြင်ခဲ့တဲ့ အနုပညာရှင်ဖြစ်ပေမယ့် ဆယ်စုနှစ်ကျော် ပျောက်ကွယ်သွားခဲ့ပါတယ်။ အေးသောင်းက အနုပညာလောကထဲကို ပြန်လည်ခြေချလာချိန်မှာတော့ အောင်မြင်မှုက ကျမသွားဘဲ ပိုလို့တောင် အောင်မြင်လာတာကို တွေ့ရပါတယ်။

အေးသောင်းက အနုပညာအလုပ်တွေကို အတိုးချကာ မနားမနေလုပ်ကိုင်ဖြစ်နေသလို နယ်များအထိဆင်းပြီးတော့တောင် သွားရောက်လုပ်ကိုင်ဖြစ်နေခဲ့ပါတယ်။ လုံခြုံပြီး လှပတင့်တယ်တဲ့ ဖက်ရှင်လေးများကို ဝတ်ဆင်လေ့ရှိတဲ့ အေးသောင်းက photo shooting လေးများကိုလည်း အေးချမ်းလှပတဲ့ ဖက်ရှင်လေးတွေနဲ့သာ ရိုက်ကူးလေ့ရှိပါတယ်။

အခုလည်း အေးသောင်းက ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ဆံနွယ်လေးများကို ချည်နှောင်ထားကာ ကြာပွင့်လေးများကို ကိုင်ထားပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ မြန်မာမိန်းကလေးတစ်ဦးရဲ့ ကျက်သရေရှိတဲ့ အလှတရားများက မြင်သူတိုင်းကို လည်ပြန်ငေးစေခဲ့ပြီး မြန်မာတစ်ဦးရဲ့ အလှတရားတွေပြည့်နှက်နေလို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. မြန်မာဝတ်စုံလေးနဲ့ လုံခြုံလှပပြီး နန်းဆန်တဲ့ အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ အေးသောင်းရဲ့ပုံလေးတွေကို ချစ်ရင် Like & Share ခဲ့နော်။

Source : Aye Wutyi Thaung Facebook

Comment here