Celebrity
Photo -Aung Kyaw Tun
Photo -Aung Kyaw Tun
Photo -Aung Kyaw Tun
Photo -Aung Kyaw Tun
Photo -Aung Kyaw Tun
Source Moe Hay Ko
Unicode
မရိုးနိုင်တဲ့အလှတွေနဲ့ ခပ်မိုက်မိုက်ပုံအလန်းတွေကို ချပြလိုက်တဲ့ မိုးဟေကို
မိုးဟေကိုက သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ လုပ်ကိုင်နေတဲ့ မင်းသမီး တစ်ဦးဖြစ်ပါတယ်။ စီးပွားရေးကို ဦးစားပေးလုပ်ကိုင်တာဖြစ်ပြီး အနုပညာပိုင်းမှာ နည်းသွားတာတွေ့ရပါတယ်။ သရုပ်ဆောင် မိုးဟေကို ဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင် နိုင်သူတစ်လဲဖြစ်ပါတယ်။ သူမက အသက်သုံး ဆယ်ကျော်ဆိုတော့ တည်ငြိမ်တဲ့ အလှတရားတွေပိုင်ဆိုင်တဲ့ အရွယ်ရောက်နေပါပြီ။ သူမရဲ့ ချောမောပြီး တည်ငြိမ်တဲ့အလှတွေကြောင့် ပရိသတ်တွေက သဘောကျအားပေးခြင်းခံရသူဖြစ်ပြီး သူဝါသနာပါတဲ့ အနုပညာအလုပ်ကို စိတ်နှစ်ပြီးလုပ်ကိုင်လေ့ ရှိတာကြောင့်လဲ အနုပညာလောကမှာ မိုး ဆိုတဲ့ အမည်လေး တွင်နေပါတယ်။ သူမဟာ မကြာမီရက်ပိုင်းက သရုပ်ဆောင် အောင်ရဲလင်းနဲ့အတူ MTV ရိုက်ကွင်းတစ်ခုမှာလဲတွေ့ရပါတယ်။ သူမက ဇာတ်ကားတွေ ရိုက်တာသိပ်မတွေ့ ရပေမယ့် ဖိတ်ကြားခံရတဲ့ ပွဲအခမ်းအနားတွေကို တတ်ရောက်လေ့ရှိတာကို တွေ့ရပါတယ်။ ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးမယ့် “သူနဲ့ကျွန်တော်” ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နေတိုးနဲ့အတူ မိုးဟေကို က ဘယ်လိုပုံစံနဲ့ လိုက်ဖက်စွာ ရိုက်ကူးပုံဖော် ထားမလဲ ဆိုတာ ပရိသတ်ကြီး ဆက်လက်စောင့်မျှော် ကြည့်ရူအားပေး ကြပါအုံးနော်။ လှပတဲ့ ကိုယ်ခန္ဒာအချိုးအစားနဲ့ ချောမောလှတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုက နိုင်ငံကျော်မင်းသား မင်းသမီးတွေ တက်ရောက်ခဲ့တဲ့ L’Oreal Paris Red Carpet ပွဲမှာ Best of Beauty (Glamour)ဆုကို ရရှိခဲ့သူလဲဖြစ် ပါတယ်နော်။ လတ်တလောမှာ ပရိသတ်တွေ ချစ်တဲ့ မိုးကတော့ ပုံမှန်မြင်တွေနေကြစတိုင်မဟုတ်ပဲ လူငယ်ဆန်ဆန်လှပစွာ တွေ့ရတဲ့ မိုးရဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here