Hot News

အနုပညာလောက,ကအနားယူပြီး မိသားစုဘဝလေးဖန်တီးတော့မယ်ဆိုတဲ့ Nicki Minaj အကြောင်းကို ဖော်ပြလိုက်ပါတယ်….

Zawgyi Font :

ပန်းရောင်ဘာဘီလေးကတော့ သူမရဲ့အနုပညာနေဝင်ချိန်ကို ကိုယ်တိုင်ပဲကြေညာသွားခဲ့ပါပြီ။ Nicki Minaj ဟာဆိုရင် နိုင်ငံတကာရဲ့ rap နဲ့ R&B လောကမှာ mainstream ပေါ်က ဘုရင်မတစ်ဆူလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့လည်း စက်တင်ဘာလ ၆ ရက်နေ့မှာတော့ သူမရဲ့ Twitter account မှာ အခုလိုပဲတင်ထားခဲ့ပါတယ်။

Photo : @nickiminaj IG
Photo : @nickiminaj IG

I’ve decided to retire & have my family. I know you guys are happy now. To my fans, keep reppin me, do it til da death of me, ❌ in the box- cuz ain’t nobody checkin me. ✅ Love you for LIFE 😘♥️🦄…….

Photo : @nickiminaj IG
Photo : @nickiminaj IG

ရက်ပ်နယ်ပယ်ထဲကနေ အနားယူပြီး မိသားစုဘဝလေးဖန်တီးတော့မယ်တဲ့။ ပြီးခဲ့တဲ့ ၂ လ၊ ၃ လလောက်ကပဲ Queen Radio မှာ Nicki ဟာ သူမရဲ့ချစ်သူအကြောင်းပြောပြခဲ့ပြီး IG မှာလည်း လက်ထပ်မှတ်ပုံတင်လျှောက်ပြီးသွားပြီလို့ ဖွင့်ပြေလာခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ချစ်သူနဲ့ဓာတ်ပုံတွေကိုလည်း Nicki ဟာ IG မှာ ခဏတိုင်းလိုလိုတင်လေ့ရှိနေခဲ့ပါတော့တယ်။

အနုပညာရှင်တစ်ယောက်ဟာ ကိုယ်ပိုင်မိသားစုဘဝလေးတည်ထောင်မှာကို ဝမ်းသာပေးရမှာဖြစ်ပမေယ့်လို့ အခုလိုကြီးအနားယူတော့မယ်လို့ အတိအလင်းပြောကြားလိုက်တဲ့အတွက် ကျွန်တော်တို့ The Barbz တွေကတော့ ပန်းရောင်မလွှမ်းတော့ဘဲ ရင်ထဲမှာ ဝမ်းနည်းခြင်းအပြာရောင်တွေ လွှမ်းခြုံသွားခဲ့ပါပြီ။ ဒါကတော့ Nicki အနေနဲ့ နောက်ဆုံးထွက်ခဲ့တဲ့ သီချင်းလေးပါ။

Source : Nicki Minaj Twitter account

Photo : @nickiminaj IG

Unicode Font :


I’ve decided to retire & have my family. I know you guys are happy now. To my fans, keep reppin me, do it til da death of me, ❌ in the box- cuz ain’t nobody checkin me. ✅ Love you for LIFE 😘♥️🦄…….



Source : Nicki Minaj Twitter account

Photo : @nickiminaj IG

Comment here