Health

ခန္ဓာကိုယ်ကိုပိန်သွယ်သယောင်မြင်စေမယ့် လီမွန်သီးရဲ့အနံ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ကျွန်တော်တို့ဟာ ကိုယ်စီကိုယ်စီမှာတော့ ယုံမကြည်မှုပျောက်ဆုံးတတ်ကြတဲ့ သွင်ပြင်တွေရှိတတ်ကြပါတယ်။ ဝခြင်းထက် ပိန်ခြင်းကိုသာ လူရာသွင်းခံရတဲ့လောကကြီးမှာ နေနေရတာကြောင့် ကိုယ့်ကိုပိန်စေမယ့်အဝတ်တွေ၊ အပြင်အဆင်မျိုးတွေကို ဝတ်ဆင်လေ့ရှိကြတယ်မဟုတ်ပါလား။ ဒီပိန်သွယ်သယောင် ထင်ရမယ်ဆိုတဲ့အချက်ပေါ်လိုက်ပြီး မကြာသေးခင်ကမှ သုတေသီတို့ရဲ့တွေ့ရှိချက်လေးတစ်ကို Daily Mail မှကိုးကားဖော်ပြပေးလိုက်ပါတယ်။

Photo : Tumisu

Sussex တက္ကသိုလ်ရဲ့ The Computer-Human Interaction (SCHI) စမ်းသပ်ဌာနမှ PhD ပထမနှစ်ကျောင်းသူ Giada Brianza ဦးဆောင်တဲ့ သုတေသီအဖွဲ့များမှ ခန္ဓာကိုယ်ကိုပိန်သွယ်သယောင်မြင်နိုင်စေမယ့် အစားအစာတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ လီမွန်သီးပါ။ ကျွန်တော်တို့ရဲ့ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုကို ဘယ်လိုမြင်မလဲဆိုတာ ပုံဖော်လေ့ရှိကြပါတယ်။ ဒါကိုမှ သူတို့ရဲ့လေ့လာမှုဟာ ဒီလိုမြင်နေရတဲ့ခန္ဓာကိုယ်ပုံရိပ်တွေကို အနံ့တစ်ခုတည်းနဲ့ ဘယ်လိုပြောင်းလို့ ရနိုင်မလဲဆိုတာကို သက်သေပြသွားခဲ့ကြတာပါ။

ဒီလိုမျိုး အနံ့တွေအနေနဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဖြစ်ပျက်မှုတွေ၊ စိတ်ခံစားချက်တွေကိုပြောင်းလဲပေးနိုင်တယ်ဆိုတာကတော့ အားလုံးသိပြီးကြမှာပါ။ ဒါကြောင့် စိတ်ရွှင်လန်းချင်ရင် ရုံးခန်းထဲမှာ ဘယ်အနံ့ဖြန်းပါတို့၊ တရားထိုင်ရင် ဘယ်လိုအနံ့ကောင်းတယ်တို့၊ အိပ်မပျော်ရင် ဘယ်အနံ့ရှိတဲ့ဖယောင်းတိုင် သို့မဟုတ် အမွှေးဆီတွေကို သုံးပေးပါတို့ဆိုပြီး ရှိတတ်ကြတယ်မဟုတ်လား။

ကဲဒီတော့ တွေ့ရှိချက်ဖက်ကို ပြန်လှည့်ပါမယ်နော်။ အပေါ်မှာဖော်ပြထားတဲ့အတိုင်း လီမွန်သီးရဲ့အနံ့ဟာ ကျွန်တော်တို့မျက်လုံးထဲမှာ ခန္ဓာကိုယ်တစ်ခုကို ပိန်သွယ်သယောင်ထင်စေတယ်ဆိုရင် သူ့ရဲ့ဆန့်ကျင်ဖက်ကတော့ ဗင်နီလာအနံ့ပါတဲ့။ ဗင်နီလာအနံ့ကတော့ ဦးနှောက်ကို ခန္ဓာကိုယ်ပိုဝအောင်မြင်စေဖို့ တွန်းအားပေးနေခဲ့တာကြောင့်ပါ။ မိန်းကလေးတွေအနေနဲ့ ချိုချိုအီအီဗင်နီလာနံ့သင်းတဲ့ ရေမွှေးတွေကိုရှောင်ပြီး လီမွန်နံ့တို့၊ လိမ္မော်သီးနံ့တို့လို ချဉ်စူးစူးအသီးအနံ့ရှိတဲ့ ရေမွှေးလေးတွေကို ဆောင်ရမလိုတောင်ဖြစ်နေပါပြီနော်။

Source : Dailymail

Photo : Tumisu

Unicode Font :





Source : Dailymail

Photo : Tumisu

Comment here