Celebrity
photo Khin Lay Nwe
photo Khin Lay Nwe
photo Khin Lay Nwe
photo Khin Lay Nwe
Source Khin Lay Nwe
Unicode
အရာရာဟာပြောင်းလဲသွားတတ်ပေမယ့်…မင်းကိုချစ်တဲ့ အချစ်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး.လို့ချွဲပိုလိုက်တဲ့ ခင်လေးနွယ်
ခင်လေးနွယ် ကတစ်ကိုယ်တည်း အပျိုကြီးဖြစ်နေပေမယ့် အမြဲနုပျိုနေပြီး ခရီးတွေထွက်ရကိုလဲ အရမ်းသဘောကျသူတစ်ဦး ဖြစ်ပါတယ်။ သူမက အခုဆိုရင် အပျိကြီးဖြစ်နေပေမယ့် သူမကချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အတွက် မိန်းကလေး ပရိသတ်တွေ အားကျရသူဖြစ်ပါတယ်။ တိုင်းရင်းသူလေး ခင်လေးနွယ်က အေးချမ်းလှတဲ့ မျက်နှာလေးနဲ့ တည်ငြိမ်တဲ့အလှတွေကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ သူမက အခုနောက်ပိုင်း အနုပညာအလုပ်တွေ လုပ်တာသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သူလဲဖြစ်ပါတယ်။ သူမက သူငယ်ချင်းတွေရဲ့ မွေးနေ့ မင်္ဂလာပွဲများကို တတ်ရောက်လေ့ရှိပြီး အမြဲပျော်ရွှင်နေတာတွေ့ရပါတယ်။ သူမကို မကြာသေးမီ သူမရဲ့ ချစ်သူလို့ယူဆရတဲ့ အမျိုးသားတစ်ဦးနဲ့ GYM ဆော့နေတာကို တွေ့ခဲ့ရပြီး သူမရဲ့ ပရိသတ်တွေ အံ့ဘြဝမ်းသားဖြစ်ခဲ့ရပါတယ်။ ခင်လေးနွယ်တို့ သူငယ်ချင်းတွေကတော့ ခရီးတွေအတူတူ ပျော်ရွှင်စွာထွက်လေ့ရှိတာကို တွေ့ရလေ့ရှိပါတယ်။ မကြာသေးမီက ခင်လေးနွယ် က သူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင် ယုသန္တာတင်၊ အကယ်ဒမီ အေးမြတ်သူနဲ့ တခြားသော သူငယ်ချင်းတွေနဲ့အတူ လန်ဒန်ကို နှစ်ပတ်ကြာသွားရောက်လည်ပတ်နေတာ တွေ့ရပါတယ်နော်။ ခင်လေးနွယ်တို့ သူငယ်ချင်းတွေဟာ ဘောလုံးချစ်သူတိုင်းရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ Manchester အပါအဝင် လန်ဒန်မှာ နေရာအနှံ သွားရောက်လည်ပတ် နေတာတွေ့ရပါတယ်။ ခင်လေးနွယ်ကတော့ လတ်တလောမှာလဲ ပြင်ဦးလွင်ကိုရောက်ရှိတယ်လို့ သိရပါတယ်။ ခင်လေးနွယ်က ပြင်ဦးလွင်က ဒီဇင်ဘာခြံထဲမှာ လှပတဲ့ ရူခင်းတွေနောက်ခံထားပြီး အပြိုင်လှနေတဲ့ ပုံလေးတွေနဲ့ ဖော်ပြထားပါတယ်။ ခင်လေးနွယ်က ခရီးတွေသွားရ ကြိုက်နှစ်သူဖြစ်ပါတယ်။ ခင်လေးနွယ်က အိမ်ထောင်ပြုဖို့အတွက် ကိုတော့ ကိုယ်ကို နားလည်ပေးမယ့်သူမှအဆင်ပြေမှာ ဆိုတော့ သေချာလေ့လာနေပါတယ် ဆိုပြီး ပြောထားပါတယ်။ ခင်လေးနွယ်ရဲ့ မင်္ဂလာသတင်း ကြားရဖို့တော့ နီးနေပါပြီ ပရိသတ်ကြီးရေ။ ယနေ့မှာတော့ ခင်လေးနွယ်က “ဪ….ဆံပင်တွေတောင်ရှည်နေပြီပဲ….အရာရာဟာ ပြောင်း လဲသွားတတ်ပေမယ့်…မင်းကိုချစ်တဲ့ အချစ်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး..💛ချစ်သူ💛” ဆိုပြီး အဝါရောင်ချည်သား အင်္ကျီလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေနဲ့အတူ ချစ်သူကိုချွဲပိုထား ပါတယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေ ကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here