Hot News

မင်္ဂလာပွဲကို ဘာကြောင့်တိတ်တိတ်လေး ကျင်းပခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ The Rock အကြောင်း….

Zawgyi Font :

ကျွန်တော်တို့ရဲ့ မင်းသားကြီး The Rock တစ်ဖြစ်လဲ Dwayne Johnson ရဲ့ မင်္ဂလာဆောင်ဟာ သူ့ ပရိသတ်တွေအတွက် အံ့အားသင့်စရာ သတင်းတစ်ပုဒ်ဖြစ်စေခဲ့ပါတယ်။ အများပြည်သူကို လုံးဝ အသိပေး ပြောကြားခြင်းလည်း မရှိ၊ မင်္ဂလာဆောင် သတင်းအစအနလည်း မထွက်ဘဲနဲ့ မင်္ဂလာပွဲကို ဟာဝိုင်အီမှာ မိသားစုဝင်တွေနဲ့အတူ လူမသိ သူမသိ ကျင်းပခဲ့တဲ့ Dwayne Johnsonဟာ ဒီမင်္ဂလာပွဲကို ဘယ်လိုစီစဉ်ခဲ့ကြောင်း သူ့ရဲ့ instagram စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

တကယ်တော့  Dwayne Johnson ဟာ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲတွေထက် မိသားစုဝင်တွေသာ ပါဝင်တဲ့ နွေးထွေးတဲ့ မင်္ဂလာပွဲတစ်ခုကို စီစဉ်ခဲ့တာပါ။ အခုအချိန်မှာ ရုပ်ရှင်ကားပေါင်း မြောက်များစွာကို ရိုက်ပြီး အောင်မြင်နေတဲ့ မင်းသားတစ်လက်ရဲ့ မင်္ဂလာဆောင်ဟာ ခမ်းခမ်းနားနား ဖြစ်ဖို့ထက် အရိုးရှင်းဆုံး မင်္ဂလာပွဲတစ်ခုကို သူဟာ ပိုလိုလားခဲ့ပါတယ်။ လူနည်းနည်းလေးသာ ပါဝင်တဲ့ မင်္ဂလာပွဲရဲ့ ပုံရိပ်နဲ့ အတူ  Dwayne Johnson ရေးသားခဲ့တာက ……

“ကျွန်တော်တို့ရဲ့ ဟာဝိုင်အီမင်္ဂလာဆောင်လေးဟာ လှပခဲ့ပါတယ်။ မင်္ဂလာပွဲကို ဖြစ်မြောက်အောင်ကူညီပေးခဲ့တဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မင်္ဂလာပွဲစီစဉ်သူတွေ၊ တခြားလူတွေရဲ့ အကူအညီမပါဝင်ဘဲနဲ့ ကျနော့်ရဲ့ နံပတ်တစ် ရည်မှန်းချက်အတိုင်း မိသားစုတွေရဲ့ ပံ့ပိုးမှုနဲ့ အထမြောက်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သင်အခု မြင်တွေ့နေရတာတွေ အကုန်လုံးဟာ ကျွန်တော်တို့ မိသားစုဝင်တွေရဲ့ လက်နဲ့(ကိုယ်တိုင်ကိုယ်ကျ) ပြုလုပ်ထားတာတွေဖြစ်ပါတယ်။ ရလဒ်ကတော့ ပြောမပြနိုင်အောင်ပါပဲ၊ က” လို့ ရေးသားထားခဲ့ပါတယ်။

သူ့ရဲ့ ဇနီးမယားဖြစ်လာတဲ့ Lauren Hashianကိုတော့ “ဒီလိုနေ့လေးကို ဖန်တီးပေးတဲ့အတွက် မင်းကို ထာဝရ ကျေးဇူးတင်နေမှာပါ” ဆိုပြီး ရေးသားထားပါတယ်။ သူ့ရဲ့ အင်စတာဂရမ်က ပို့စ်တွေမှာ The Rock ကြီးဟာ မိသားစုဝင်တွေကို ချီးမွန်းစကားပြောကြားခဲ့ပြီး မင်္ဂလာဆောင်ပုံရိပ်များကိုလည်း ဝေမျှခဲ့ပါတယ်။

Source : Instagram

Photo : The Rock IG

Unicode Font :





Source : Instagram

Photo : The Rock IG

 

 

Comment here