CelebrityEvent

“တန်​ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး အကယ်ဒမီ ရန်အောင်က သူရဲ့ ခံစားချက်များကို ပြေပြလာခဲ့ပာတယ်…

“တန်​ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး အကယ်ဒမီ ရန်အောင်က သူရဲ့ ခံစားချက်များကို ပြေပြလာခဲ့ပာတယ်…





 


Unicode ဖြင့်ဖတ်ရန်

ဝါရင့်သရုပ်ဆောင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ ရန်အောင်က တန်ဖိုး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး အခုလိုပြောပြလာခဲ့ပါတယ်။ စကမ်းလှမ်းတုန်းကတော့ ပရိုဂျူ ဆာအသစ် ၊ ဒါရိုက်တာအသစ် ဖြစ်တယ် နောက်တစ်ခုက ဒါရိုက်တာကလဲ ကိုရီးယားမှာသွားပြီးတော့မှ ရုပ်ရှင်ပညာ Diploma ရခဲ့သူဖြစ်နေတယ် ပြီးတော့ သူကလဲ သေချာ ရိုက်ချင်တယ်ပေါ့နော် ဇာတ်လမ်းကိုနားထောင်ကြည့်တော့လဲ ဇာတ်လမ်းကတော်တော်အဆင်ပြေပါတယ်။ ပြီးတော့ သူတို့ရဲ့အရည်သွေးကလဲ တော်တော်အဆင်ပြေပါတယ်။ဒီကားက ကျွန်တော် အစမ်းကြည့်ရတာကိုက တော်တော်လေးကိုသဘောကျပါတယ်။ အဲ့တာကြောင့် အားပေးဖြစ်တယ် အင်တာဗျူ းတွေလဲ အများကြီးလုပ်ပေးဖြစ်ပါတယ် ဒီကားအတွက်ကို ဘာလို့လဲဆိုရင် သူတို့ရဲ ပထမခြေလှမ်းမှာ တာထွက်မှာ အောင်မြင်တဲ့ကားကောင်းဖြစ်စေချင်တယ် ပရိတ်သတ်အားပေးတဲ့ကားလေးဖြစ်စေချင်ပါတယ် အားလဲအားပေးစေချင်ပါတယ်။ အဲ့တာကြောင့် ဒီကားကို စပြီးလိုက်ခံဖြစ်ပာတယ် ။

ကျွန်တော်က ဒီရုပ်ရှင်ကားမှာ ဒီဇာတ်ကားရဲ့ ကာရိုက်တာနာမည်က ဦးသန့်ဇင် အများအမြင်မှာ သူက အေးဆေးတယ် တည်ငြိမ်တယ် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ပေါ့နော် စိတ်ကောင်းရှိတဲ့သူတစ်ဦးပေါ့ ဒါပေမယ့် တကယ်ကာရိုက်တာအစစ်က လူဆိုးဂိုဏ်းစတစ်ယောက်ဖြစ်နေတယ် အရမ်းရက်စက်တယ် အရမ်းအတ္တကြီးတယ် လောဘကြီးတယ် စိတ်ကြီးတယ်ပေါ့ အဲ့လိုကာရိုက်တာနေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားက တန်ဖိုး ဆိုတာ ဒီဇာတ်ကားထဲမှာပါပါတယ် အရာရာတိုင်းကပေါ့ လူတိုင်းလူတိုင်းကပေါ့ သူဟာနဲ့သူတန်ဖိုးရှိကျတယ်။ ဘယ်သူမဆို လူတွေရဲ့ ဘဝမှာ ဘယ်လိုအနေထားရောက်ရောက် သူဟာနဲ့သူတော့အန်ဝင်ဂွင်ကျဖြစ်တဲ့နေရာလေးတော့ရှိကျတယ် အဲ့တော့ လူတိုင်းလူတိုင်းဟာ အားငယ်စရာမလိုဘူး အချိန်မှာ ကြိုးစားရင် တန်ဖိုးရှိတဲ့ လူတော ်လူကောင်းတစ်ယောက်ဖြစ်လာနိုင်တယ် စွမ်းအားရှင်တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကို သာဓက ပြတဲ့ ဇာတ်ကားလို့လဲ ပြောလို့ရတယ် ပညာပေးဇာတ်ကားလို့လဲပြောရပါတယ်။

Photo Credit : https://www.facebook.com/tanphoeofficial/

ZeeKwat ပရိတ်သတ်ကြီးလဲ “တန်ဖိုး” ဆိုတဲ့ ရှင်ရုပ်ဇာတ်ကားကောင်းကြီးကို လက်လွှတ်မခံပဲ သွားရောက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်နော်။

 

Comment here