Hot News

အင္အားျပင္း ဟာရီကိန္းေလမုန္တိုင္း U.S. အေရွ႕ေတာင္ပိုင္းကို ၀င္ေရာက္ႏိုင္ျခင္းနဲ႕ ေဒသခံျပည္သူမ်ား ၾကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္

Zawgyi Font:

အေမရိကန္ျပည္နယ္ေတြျဖစ္တဲ့ ဖေလာ္ရီဒါျပည္နယ္၊ ေဂ်ာ္ဂ်ီယာ၊ ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္နဲ႕ ဗာဂ်ီးနီးယားျပည္နယ္စတဲ့ ျပည္နယ္မ်ားကို အင္အားျပင္း ဟာရီကိန္းေလမုန္တိုင္း ၀င္ေရာက္ႏုိင္ေၾကာင္း အေရးေပၚ သတင္းထုတ္ျပန္ခဲ့ၿပီး ေလမုန္တုိင္းက အေရွ႕ေတာင္ပိုင္းပင္လယ္ျပင္ဘက္ကို ေရြ႕လ်ားသြားႏိုင္တယ္လုိ႕လည္း ဆုိခဲ့ပါတယ္။

Photo : CGTN

Photo : CGTN

အေရွ႕ေတာင္ပိုင္းျပည္နယ္မ်ားမွာ ေနထုိင္တဲ့ သန္းေပါင္းမ်ားစြာေသာ လူမ်ားကလည္း အေရးေပၚသတင္းထုတ္ျပန္ခ်က္အတြက္ ၾကိဳတင္ျပင္ဆင္မႈမ်ားနဲ႕ ေရွာင္ရွားမႈမ်ား ျပဳလုပ္ေနၾကပါတယ္။ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ေပၚႏိုင္မယ့္ မုန္တုိင္းကို ရင္ဆုိင္ၾကမယ့္ သူမ်ားကေတာ့ သစ္သားျပားမ်ား၊ သဲအိတ္မ်ားနဲ႕ ပလတ္စတစ္မ်ားစတဲ့ ပစၥည္းမ်ားနဲ႕ ကာကြယ္မႈအတြက္ အသင့္ျပင္ဆင္ေနၾကပါတယ္။ အစားအစာမ်ားနဲ႕ ေရမ်ားကို ၀ယ္ယူၾကတဲ့ လူေတြမ်ားလုိ႕ စူပါမားကတ္မ်ားမွာ အစားအေသာက္မ်ား ကုန္သေလာက္ ျဖစ္ေနခဲ့ပါတယ္။

Photo : CGTN

Photo : CGTN

Photo : CGTN

Photo : CGTN

Source : CGTN

 

Unicode Font:

အမေရိကန်ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်စတဲ့ ပြည်နယ်များကို အင်အားပြင်း ဟာရီကိန်းလေမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း အရေးပေါ် သတင်းထုတ်ပြန်ခဲ့ပြီး လေမုန်တိုင်းက အရှေ့တောင်ပိုင်းပင်လယ်ပြင်ဘက်ကို ရွေ့လျားသွားနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။

အရှေ့တောင်ပိုင်းပြည်နယ်များမှာ နေထိုင်တဲ့ သန်းပေါင်းများစွာသော လူများကလည်း အရေးပေါ်သတင်းထုတ်ပြန်ချက်အတွက် ကြိုတင်ပြင်ဆင်မှုများနဲ့ ရှောင်ရှားမှုများ ပြုလုပ်နေကြပါတယ်။ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်မယ့် မုန်တိုင်းကို ရင်ဆိုင်ကြမယ့် သူများကတော့ သစ်သားပြားများ၊ သဲအိတ်များနဲ့ ပလတ်စတစ်များစတဲ့ ပစ္စည်းများနဲ့ ကာကွယ်မှုအတွက် အသင့်ပြင်ဆင်နေကြပါတယ်။ အစားအစာများနဲ့ ရေများကို ဝယ်ယူကြတဲ့ လူတွေများလို့ စူပါမားကတ်များမှာ အစားအသောက်များ ကုန်သလောက် ဖြစ်နေခဲ့ပါတယ်။

Source : CGTN

Comment here