Health

အချိုဓာတ်အများကြီး စားသုံးတဲ့အခါ ဖြစ်ပေါ်လာမယ့် ကြောက်မက်ဖွယ်ရာ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

သကြားနဲ့ အချိုဓာတ်အများအပြားစားသုံးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါတယ်။ အခုခေတ်မှာလည်း  အဆင်သင့်စားသုံးနိုင်တဲ့ အစားအသောက်တွေ၊ ဆီသွတ်ဘူးတွေနဲ့ အအေးဘူးတွေလိုမျိုးမှာ အချိုဓာတ်တွေ ပမာဏများစွာ ပါဝင်လေ့ရှိပါတယ်။ အောက်မှာ ဖော်ပြပေးမှာကတော့ Insider ကနေတဆင့် တွေ့မြင်ရတဲ့ အချိုဓာတ်အများအပြားစားသုံးတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်တက်ခြင်း

အချိုအစားများခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းဟာ ဆက်စပ်နေကြောင်း လေ့လာချက်အများစုက ဆိုပါတယ်။ အထူးသဖြင့် အချိုများတဲ့ အဖျော်ယမကာတွေ၊ ဆိုဒါတွေဟာဆိုရင် အာဟာရတန်ဖိုးနည်းပါးပြီး ကိုယ်အလေးချိန် အတက်မြန်စေပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အသက်ရှင်သန်ဖို့ ဂလူးကို့စ်လိုအပ်ပေမယ့် လိုအပ်တာထက် ပမာဏပိုများနေတဲ့အခါ ခန္ဓာကိုယ်ဟာ ပိုနေတဲ့ သကြားတွေကို ဖက်တီးအက်ဆစ်တွေအဖြစ် ပြောင်းလိုက်ပြီး နောင်မှာသုံးဖို့အတွက် တင်ပါးတွေ၊ ပေါင်တွေ၊ လက်တွေနဲ့ အစာအိမ်မှာ သွားစုဆောင်းတာကြောင့် လူဟာ ၀လာတာဖြစ်ပါတယ်။

သွားတွေ ပျက်စီးခြင်း

အချိုဟာ အမှန်တကယ်တော့ သွားတွေကို ပိုးပေါက် အခေါင်းပေါက်တွေ ဖြစ်စေတာ မဟုတ်ပါဘူး။ သွားပျက်စီးရတဲ့ အဓိကအကြောင်းရင်းက အချိုကြောင့်ထွက်ပေါ်လာတဲ့ အက်ဆစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့များ ကိုယ်စားတဲ့အစားအစာကို ဂရုမစိုက်ဘူးဆိုရင်တော့ ပါးစပ်တစ်ခုလုံးမှာသွားပိုးပေါက်တွေနဲ့ ပြည့်လာမှာပဲ ဖြစ်ပါတယ်။

အရေပြားပြဿနာများ ဖြစ်ပွားခြင်း

သိပ္ပံပညာရှင်တွေဟာ မကြာသေးခင်က နို့ထွက်ပစ္စည်းတွေနဲ့ အချိုများတဲ့ အစားအသောက်တွေဟာ အရေပြားပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အချိုစားချင်စိတ် ပိုမိုမြင့်တက်လာခြင်း

အချိုဓာတ်နဲ့ သကြားတွေမှာ ကိုကင်းလိုမျိုး စွဲလမ်းစေတတ်တဲ့အရာပါတယ်ဆိုတာကိုတော့ ပညာရှင်တွေက လက်မခံကြပါဘူး။ ဒါပေမယ့် အချိုတွေ အများကြီးစားသုံးတဲ့အခါ ဦးနှောက်ထဲကနေ ပျော်ရွှင်ခြင်းဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ ဒိုပါမင်းထွက်ရှိတယ်လို့ သိရပါတယ်။

ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေများခြင်း

ဂလူးကို့စ်ပမာဏများတဲ့ အစားတစ်ခုခု စားသုံးလိုက်တဲ့အခါ ၄င်းအချိုဓာတ်ကို ချေဖျက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲဖို့ အင်ဆူလင်က လုပ်ဆောင်ပေးရပါတယ်။ ပြဿနာက လူတွေဟာ အချိုအများကြီးစားတဲ့အခါ ခန္ဓာကိုယ်ကလည်း ၄င်းကို ချေဖျက်ဖို့ အင်ဆူလင်ပမာဏ အများကြီးထုတ်ပေးရပါတယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်ဟာ ဂလူးကို့စ်ကို လျင်မြန်စွာ မစုပ်နိုင်တော့ပဲ အင်ဆူလင်ကို ခုခံလာနိုင်ပါတော့တယ်။ ဒါကြောင့် ဂလူးကို့စ်တွေဟာ သွေးကြောတွေနဲ့ အသည်းထဲမှာ အများကြီး စုပုံလာရာကနေ ဆီးချိုရောဂါ ဖြစ်ပွားလာနိုင်ပါတယ်။

စိတ်ကျဝေဒနာခံစားရခြင်း

အချိုဓာတ်အများအပြားစားသုံးခြင်းဟာ ဦးနှောက်အပါအ၀င် ခန္ဓာကိုယ်တွင်း ရောင်ယမ်းမှုကိုပါ တိုးမြှင့်စေတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေကနေ တဆင့် စိတ်ဖိစီးမှုရတာ၊ စိတ်လှုပ်ရှားပူပန်တာနဲ့ စိတ်ကျဝေဒနာတွေထိအောင် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

မှတ်ဥာဏ်ပြဿနာများ ခံစားရခြင်း

အချိုဓာတ်အများအပြားစားသုံးခြင်းဟာ ဦးနှောက်ရဲ့ ရေတိုရေရှည်မှတ်ဥာဏ်တွေအပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ကြွက်တွေကို အချိုဓာတ်ကျွေးပြီး ရက်သတ္တပတ်(၄) ပတ်တာ စမ်းသပ်တဲ့အထဲမှာတော့ (၄)ပတ်ကြာပြီးတဲ့နောက် ကြွက်တွေရဲ့ သိမှုဆိုင်ရာစွမ်းရည်တွေဟာ သိသိသာသာ ကျဆင်းလာတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သွေးတွင်းအချိုဓာတ်ပမာဏများနေခြင်းဟာ ဦးနှောက်မှတ်ဥာဏ်ချို့ယွင်းခြင်နဲ့ အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေအထိ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

Source : Brightside

Photo : Jamin Djuang

Unicode Font :
















Source : Brightside

Photo : Jamin Djuang

Comment here