Health

အယ်လ်ကိုဟောသောက်မယ်ဆိုရင် ၀ိုင်နီကို ဦးစားပေး ရွေးသင့်ကြောင်း ပညာရှင်များဆိုထားပါတယ်…..

Zawgyi Font :

ဝိုင်နီဟာ အ၀လွန်မှုကို လျော့ကျစေတဲ့အပြင် အူလမ်းကြောင်းစနစ်အတွက် အထောက်အကူပေးကြောင်း လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါပေမယ့်လည်း ၀ိုင်နီကို ရက်သတ္တပတ် (၂) ပတ်မှာမှ တစ်ကြိမ် ဖန်ခွက်တစ်ခွက်မျှသာ သောက်သုံးသင့်တယ်လို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

ဝိုင်နီထဲမှာပါတဲ့ ပိုလီဖီနောလ်အမည်ရတဲ့ ကွန်ပေါင်းတွေဟာ အူထဲက ကောင်းမွန်တဲ့ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားရာမှာ လောင်စာအနေနဲ့ အကူအညီပေးကြောင်း ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ၀ိုင်နီဟာ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောပမာဏကို မျှတအောင် ထိန်းညှိပေးတဲ့အပြင် ကိုယ်ခံအားကိုလည်း တိုးတက်စေတယ်လို့ သိရပါတယ်။

King’s College London က သိပ္ပံပညာရှင်တစ်ဦးကတော့ “တကယ်လို့များ ခင်ဗျားအနေနဲ့ အယ်လ်ကိုဟောပါတာတစ်ခုခု သောက်ဖို့ ရွေးမယ်ဆိုရင် ၀ိုင်နီကိုသာ ရွေးချယ်လိုက်ပါ….” လို့ သေချာဆိုခဲ့တာပါ။ သုတေသနပညာရှင်တွေဟာ ၀ိုင်ဖြူ၊ ၀ိုင်နီနဲ့ အခြားအရက်တွေကြားက ကွာခြားမှုရလဒ်ကို လက်တွေ့တိုင်းတာခဲ့ကြပါတယ်။ ဒီအခါ တွေ့ရှိရတာက ၀ိုင်နီ သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အစာခြေစနစ်ဟာ ပိုအားကောင်းပြီး ဂျင်၊ ဗော့ဒ်ကာစတဲ့ အခြားယမကာတွေ သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အစာခြေစနစ်မှာတော့ ထူးထူးခြားခြား တိုးတက်မှုဆိုတာ မတွေ့ရကြောင်း အဖြေထွက်ခဲ့ပါတယ်။

ပညာရှင်တွေကတော့ ၀ိုင်နီက အခြားယမကာတွေထက် လူ့ကျန်းမာရေးကို ပိုအကျိုးပြုနေတဲ့ အကြောင်းရင်းဟာ ပိုလီဖီနောလ်ကြောင့်လို့ ယူဆနေကြပါတယ်။ ပိုလီဖီနောလ်ဆိုတာကတော့ အသီးတွေထဲမှာ တွေ့ရလေ့ရှိတဲ့ အင်တီအောက်ဆီးဒန့်အာဟာရတစ်မျိုးပဲ ဖြစ်ပါတယ်။ ဥပမာ Merlot ၊ Pinot Noir ၊ Shiraz ၊ Cabernet Sauvignon စတဲ့ အမှတ်တံဆိပ်ပါ ၀ိုင်နီတွေမှာဆိုရင် ၀ိုင်ဖြူတွေထက် ပျမ်းမျှအားဖြင့် ပိုလီဖီနောလ် (၆) ဆကနေ (၇) ဆထိ ပိုမိုပါဝင်တယ်လို့ သိရပါတယ်။

ပိုလီဖီနောလ် ကွန်ပေါင်းတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို အစာထဲက စွမ်းအင်တွေ စုပ်ယူနိုင်အောင်ဖန်တီးပေးပါတယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်ဟာ တစ်နေရာကနေ တစ်နေရာဆီ အောက်ဆီဂျင်ပို့ဆောင်ခြင်း၊ ကိုလက်စထရောပမာဏ ထိန်းချုပ်ခြင်း၊ အ၀လွန်မှုကို လျော့ချခြင်း၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို မြှင့်တင်ပေးခြင်း၊ နှလုံးကို ကာကွယ်ပေးခြင်းစတဲ့လုပ်ငန်းတွေမှာ ပိုမိုလွယ်ကူလျင်မြန်စွာ လုပ်ဆောင်လာနိုင်တာပဲ ဖြစ်ပါတယ်။ ၀ိုင်နီဟာ လူ့ကျန်းမာရေးအတွက် အကျိုးပြုပေမယ့်လည်း ပညာရှင်တွေကတော့ တန်ဆေးလွန်ဘေးဆိုစကားအတိုင်း သင့်တင့်မျှတစွာ သောက်သုံးဖို့ တိုက်တွန်းထားကြောင်း Dailymail ကနေ သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

Source : Brightside

Photo : Google

Unicode Font :






Source : Brightside

Photo : Google

Comment here