Celebrity
Photo Zaw Myo Htet (Mandalay)
Photo Zaw Myo Htet (Mandalay)
Photo Zaw Myo Htet (Mandalay)
Photo Zaw Myo Htet (Mandalay)
Photo Zaw Myo Htet (Mandalay)
Photo Zaw Myo Htet (Mandalay)
Source Nan Su Yati Soe
Unicode
မန္တလေးက ရွှေနန်းတော်ပွဲမှာ ကြွေရုပ်လေးလို လှပလွန်းတဲ့ နန်းဆုရတီစိုး
ကလေးတစ်ယောက် လိုဖြူစင်လွန်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထား သူကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်တွင် ထူးချွန်ရုံသာမကပဲ အဆိုဘက်မှာလည်း တော်လွန်းသူတစ်ယောက်ပါ။ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ကြိုးစားလုပ်ကိုင် နေတာလည်း ဖြစ်ပါတယ်။ အသံအေးအေး ချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော်မလေး တစ်ယောက် ဖြစ်သလို ရုရှင်လောကမှာလည်း ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး တစ်ယောက် ဆိုရင်လည်း မမှားပါဘူးနော် အမြဲ ပျော်ပျော် နန်းစုကတော့ အခုချိန်ထိ လှပတင်တယ် နေပြီး ဆယ်ကျော်သက် တစ်ယောက် လှပလွန်းလို့ နေပါတယ။် သူမကတော့ ခရီးသွားရတာကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး အားလက်ရက်တွေ မှာ ခရီးထွက်လေ့ရှိ သူ တစ်ယောက်ပါ။ သူမကရဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတဲ့ “ရူးအောင်ချစ်ရသူ” ဆိုတဲ့ တေးသီချင်းလေးက ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့သူလဲဖြစ်ပါတယ်။ နန်းဆုကတော့ လက်ရှိမှာ မန္တလေးကိုရောက်ရှိနေပြီး ရွှေနန်းတော်ပွဲမှာ ပရိသတ်တွေနဲ့ ရင်းနှီးစွာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီပွဲမှာ နန်းဆုက ဒီဇိုင်းနာ မျိုးမင်းစိုးစီစဉ်ပေးတဲ့ ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ဖြစ်ပုံကို ယခုလို “ချစ်ပရိတ်သတ်တွေက သိပ်ချစ်စရာကောင်းတဲ့ ပန်းလေးတွေဆိုရင် နန်းဆုက သူတို့ရဲ့ချိုမြလွန်းတဲ့အချစ်ပန်းဝတ်ရည်လေးတွေကြောင့် အမြဲပျော်ရွှင်မြူးတူးနေတဲ့ လိပ်ပြာမလေးပေါ့🦋🦋🦋 မန္တလေးမြို့ ရွှေနန်းတော် အထူးအရောင်းပွဲမှာ ပရိသတ်တွေနဲ့ တွေ့ဆုံအမှတ်တရ လက်မှတ်ထိုး♥️♥️♥️” ဆိုပြီး ချစ်စရာကောင်းပြီး စက်စက်ယိုအောင် လှနေတဲ့ နန်းဆုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါ တယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here