Celebrity

နှုတ်ခမ်းနီမလေးတွေ ခုန်ပေါက်သွားအောင် ဖွေးရဲ့ပါးပြင်လေးကို ခံစားချက်အပြည့်နဲ့ သနပ်ခါးလေး လူးပေးလိုက်တဲ့ ပိုင်တံခွန်

Zawgyi Font:


Photo : DK


Photo : DK


Photo : DK


Photo : DK


 

Unicode Font:

မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ ဆယ်လီနှစ်ဦးဖြစ်သူ ဖွေးဖွေးနဲ့ ပိုင်တံခွန်ကို ထူးထူးခြားခြား ပုံစံလေးနဲ့တွဲပြီး မြင်တွေ့ရပါတယ်။ မြန်မာဝတ်စုံလေးတွေ ကိုယ်စီဝတ်ထားကြတဲ့ ဖွေးနဲ့တံခွန်တို့ရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးက မြင်ရသူတိုင်းကို ဖမ်းစားနိုင်ခဲ့ပြီး လိုက်ဖက်စွာ မြင်တွေ့ရတာဖြစ်လို့ ပရိသတ်တွေက အသည်းယားနေကြပါတယ်။

ဖွေးနဲ့တံခွန်ကို အခုလိုမျိုး တွဲပြီး နီးနီးကပ်ကပ် မမြင်ဖူးကြတဲ့အတွက် ပရိသတ်အများစုကလည်း အတော်လေး စိတ်ဝင်စားနေကြပါတယ်။ ဖွေးနဲ့တံခွန်က Bella TVC အတွက် ရိုက်ကူးနေကြတာဖြစ်ပြီး တံခွန်က ဖွေးလေးရဲ့နုနုထွတ်ထွတ် ပါးပြင်လေးကို ယုယုယယနဲ့ သနပ်ခါးလေး လူးပေးနေတဲ့ ပုံလေးကြောင့် နှုတ်ခမ်းနီမလေးတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြပါတယ်။

ရှုတင်ပေါ်မှာ လိုက်ဖက်ညီစွာ မြင်တွေ့ရတဲ့ ဖွေးနဲ့တံခွန်ရဲ့ ပုံရိပ်လေးတွေက အခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ Like – 31K ၊ 1.5K Comments နဲ့ 1.8K Shares ရှိလာခဲ့တဲ့ လူကြိုက်အများဆုံး ပုံရိပ်များ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီပုံရိပ်လေးတွေက ပြည်တွင်းမှာသာမက ပြည်ပမှာလည်း နာမည်ကြီးနေတာ ဖြစ်ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ဖွေးနဲ့ တံခွန်ကို အခုလို အတွဲညီညီနဲ့ မြင်တွေ့ရတာဖြစ်လို့ သဘောကျကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော်။ သူတို့လေးတွေကို ချစ်ရင် အားပေးခဲ့ကြဦးနော်။

Source : Paing Takhon Facebook

Comment here