Celebrity

ရေဘေးသင့်ဒေသများအတွက် တစ်ဆယ့်တစ်သိန်းကျပ်တိတိ လှူဒါန်းခဲ့တဲ့ အိချောပိုရဲ့ ချစ်ရတဲ့ အမာခံပရိသတ်များ

Zawgyi Font:


Photo : Zaw Myo Htet Htet


Photo : Kyaw Thu



Photo : Ei Chaw Po


 


 

Unicode Font:

အပြုံးချိုသလို စကားပြောလေးကလည်း ချစ်စရာကောင်းတဲ့ အိချောပိုက သူမရဲ့ဘဝလေးကို ဟန်ဆောင်မှုကင်းကင်းနဲ့ ဖြတ်သန်းခဲ့တာကြောင့် အနုပညာရှင်မောင်နှမများနဲ့ ဆက်ဆံရေးကောင်းမွန်ရုံသာမက မီဒီယာများ၊ ပရိသတ်များနဲ့လည်း သင့်မြတ်အဆင်ပြေပါတယ်။ အိချောပိုကို အရမ်းချစ်ကြလို့ We Love အိချောပို Fan Group လေးဆိုပြီး ဖွဲ့ကာ အိချောပိုအတွက် လိုလေသေးမရှိ ဘေးကအမြဲရပ်တည်အားပေးနေကြတဲ့ အမာခံပရိသတ်တွေလည်း ရှိခဲ့ပါတယ်။

ယနေ့ (၂၅.၈.၂၀၁၉) တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ We Love Ei Chaw Po Fan Group က ရေဘေးသင့်ဒေသများအတွက် အလှူငွေ – ၁,၁၀၀,၀၀၀ိ/ (တစ်ဆယ့်တစ်သိန်းကျပ်တိတိ) ကို ဦးကျော်သူဆီကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

အိချောပိုကလည်း သူမရဲ့ အမာခံပရိသတ်များရဲ့ မွန်မြတ်တဲ့ လုပ်ရပ်လေးကြောင့် အလွန်ဝမ်းသာပီတိဖြစ်နေခဲ့ပြီး ကျေးဇူးတင်နေခဲ့ပါတယ်။

“We Love Ei Chaw Po Fan Group ရဲ့ရေဘေးသင့်ဒေသများအတွက် မွန်မြတ်အလှူလေး…🙏🙏🙏 အမြဲတမ်းအားငယ်သိမ်ငယ်စိတ်တွေမရှိအောင် လိုလေသေးမရှိ ဘေးကအမြဲရပ်တည်အားပေးနေကြတဲ့ ချစ်ရတဲ့ အမာခံပရိတ် သတ် We Love Ei Chaw Po fan group လေးကြောင့် မျက်နှာအမြဲပွင့်ခဲ့ရတယ်… ကျေးဇူးပါ ချစ်ရသူတို့…❤️❤️❤️” လို့ ဆိုခဲ့ပါတယ်။

ဇီးကွက်ပရိသတ်ကြီးရေ .. ဒီနေ့လေးက အိချောပိုနဲ့ We Love Ei Chaw Po Fan Group ရဲ့ မွန်မြတ်ပြီး သာယာလှပတဲ့ နေ့လေးတနေ့ ဖြစ်ပါတယ်နော်။ သူတို့တွေရဲ့ အလှူဒါနလေးအတွက် သာဓု ခေါ်ဆိုကြရအောင်နော်။

Source : Kyaw Thu & Ei Chaw Po Facebook

Comment here