Celebrity

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနဲ့ တူတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ အိချောပို

Zawgyi Font:


Photo : Khant Min Htin

Photo : Khant Min Htin


Photo : Khant Min Htin

Photo : Khant Min Htin

Photo : Khant Min Htin


Photo : Nguyễn Trần Huyền My

Photo : Khant Min Htin

Photo : Khant Min Htin


 


 

Unicode Font:

ပြည်သူချစ်အနုပညာရှင်များထဲမှာ ပါဝင်တဲ့ အိချောပိုက ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်တတ်သူဖြစ်လို့ ပရိသတ်အားလုံးရဲ့ထောက်ခံအားပေးမှုများကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အိချောပိုက လူငယ်ပရိသတ်တွေ ကြားမှာလည်း အလွန်ရေပန်းစားတဲ့ မင်းသမီးတစ်ဦးဖြစ်သလို ခန္ဓာကိုယ်လှပတဲ့ မင်းသမီးလည်း ဖြစ်တယ်လို့ ပရိသတ်များက ထင်ကြေးပေးကြပါတယ်။

အိချောပို တက်ရောက်တဲ့ ပွဲအခမ်းအနားများမှာလည်း ပရိသတ်တွေက ဝက်ဝက်ကွဲ လာရောက်အားပေးခဲ့ကြတာပါတယ်။ တနေ့ကပဲ ကျင်းပပြုလုပ်ခဲ့တဲ့ Crush RedCarpet လေးကို အိချောပိုက အနောက်တိုင်းအငွေ့အသက်များကို ရောယှက်ဖန်တီးထားတဲ့ အစိမ်းရောင်ပွဲတက် dress လေးနဲ့ အလှဆုံးတက်ရောက်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ပရိတ်သတ်များက လာရောက်အားပေးကြလို့ သူမအနေနဲ့ ကျေးဇူးတင်နေမိပါတယ်။

ထိုပွဲလေးကို တက်ရောက်ခဲ့တဲ့ အိချောပိုရဲ့ အသွင်အပြင်ပုံရိပ်များက ဗီယက်နမ်မင်းသမီးချောလေး ငုရင်ထရန်ဟုရန်မေနဲ့ တူတယ်ဆိုပြီး ပရိသတ်အားလုံးက အံ့အားသင့်ကာ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ အိချောပိုရဲ့ လျှပ်တပြတ်ပုံလေးတွေက တကယ်လည်း ဗီယက်နမ်မင်းသမီးလေးနဲ့ တူပါတယ်နော်။

ဇီးကွက်ပရိသတ်ကြီးရော .. အိချောပိုက ဗီယက်နမ်မင်းသမီးချောလေး ငုရင်ထရန်ဟုရန်မေနဲ့ တူလား မတူဘူးလားဆိုတာ သုံးသပ်ဝေဖန်ပေးခဲ့ကြဦးနော်။

 

Source : Ei Chaw Po Facebook

Comment here