Celebrity



Photo A Linn Yaung


Photo A Linn Yaung


Photo A Linn Yaung


Photo A Linn Yaung


Photo A Linn Yaung


Photo A Linn Yaung


Source Eaindar Kyaw Zin

Unicode


မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲမှာ သွားရောက်အားပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်
အောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ နိုင်ငံကျော်မင်းသမီး ဒိတ်ဒိတ်ကျဲ မင်းသမီး အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို ပရိသတ်ကြီး အတွက် အထူးမိတ်ဆက် စရာအမလိုပါဘူးနော်။ သူမဟာဆိုရင် အခုဆိုရင် ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်သလို အကယ်ဒီဆု ကို လဲ ဆွတ်ခူးရယူထားသူလဲဖြစ်ပါတယ်။ သူမက အခုဆိုရင် ကျေပွန်တဲ့အိမ်ရှင်မ အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့် သူမရဲ့ အလှတရားတွေ ကတော့ နဂိုအတိုင်းပါပဲ။သူမက အခုဆိုရင် ရင်သွေးနှစ်ဦး မွေးထားပေမယ့်လဲ သူမရဲ့ နဂိုကိုယ်ခန္ဓာ အတိုင်းလှမြဲ လှနေဆဲဖြစ်လို့ ပရိသတ်ေ တွက ဘယ်လိုများ ဝိတ်ချထားသလဲဆိုပြီး အရမ်းစိတ်ဝင် စားနေကြပါနော်။ သူမက အနုပညာလုပ်ငန်းတွေ ဆက် လက်လုပ်ကိုင်ရင်း မိသားစု အတွက် အချိန်တွေကို ခွဲဝေပေး သူလဲဖြစ်ပါတယ်။သူမကအောင် အနုပညာလောကမှာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ပရိသတ်ရဲ့ ချစ်ခင်မှုတွေကို ဆယ်စုနှစ် တွေကြာအောင် ထိန်းသိမ်းထားနိုင်သူလဲ ဖြစ်ပါတယ်နော်။ သူမရဲ့ အနုပညာ လှုပ်ရှားမှုကော နေ့စဉ်လှုပ် ရှားမှု ပုံရိပ်တွေကို သူမအကောင့်မှာ ဖော်ပြလေ့ရှိပါတယ်။အကယ်ဒမီ အိန္ဒြာကျော်ဇင်က အကယ်ဒမီထွန်း အိန္ဒြာဗိုလ်နဲ့အတူ ကြိမ်နှုန်း ရုပ်ရှင်ကားမှာ ဒီကားထဲမှာ ၁၉၁၃ ခုနှစ်ကချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတစ်ယောက် အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ သူမကတော့ ဘယ်ချိန်ကြည့် ကြည့်အလှမပျက်တဲ့ ကိုယ်ခန္ဒာကို ထိန်းသိမ်းထားနိုင်သူပြီး အမြဲတမ်းလှနေတဲ့ သူဖြစ်ပါတယ်နော်။ မကြာသေးမီက အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ထားတဲံ “ဂျင်ပါတီ” ဇာတ်ကား Red Carpet Show ပွဲကို ချစ်စရာကောင်းတဲ့ Fashion လေးနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားက ဟာသဇာတ်လမ်းဖြစ်ပြီး အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ရန်အောင်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ အဆိုတော် ရဲရင့်အောင်တို့နဲ့အတူ အခြားသရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားပါတယ်။ အကယ်ဒမီ အိန္ဒြာကျော်ဇင်က မြန်မာဝတ်စုံလေးနဲ့လည်း တည်ငြိမ်ရင့်ကျက်တဲ့ မြန်မာအမျိုးသမီး တစ်ဦးရဲ့အလှတွေ ရှိသလို ခေတ်ပေါ် Fashion လေးတွေကို လိုက်ဖက်အောင် ဝတ်ဆင်တက်သူလဲဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲမှာ အလှူခံအနေနဲ့သွားရောက် ဝိုင်းဝန်းကူညီဖြစ်ပုံကို ပုံလေးနဲ့အတူ “မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေ ဘောလုံးပွဲမှာ တထောင့်တနေရာကနေ ကူညီပေးဖြစ် ခဲ့ပါတယ်…ကျားကျားက ဘောလုံးကန်🏃⚽⚽ မတ်မတ်အွဲက အလှူခံ😊” ဆိုထားပြီး ဘောလုံးကွင်းမှာ ရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ ဖော်ပြထားပါတယ်။ ခင်ပွန်းဖြစ်သူ နိုင်ငံကျော်မင်းသားချော အကယ်ဒမီ ပြေတီဦးရဲ့ ကွင်းထဲပုံလေးတွေပါ သူမရဲ့ မြန်မာဆန်ဆန်လှနေတဲ့ ပုံရိပ်လေးအတူ ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစား နိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Comment here