Celebrity

သူမရဲ့ ဂုဏ်သိက္ခာ နစ်နာမှုတွေ အတွက် ဥပဒေနဲ့အညီ တုံ့ပြန်မယ်လို့ ဆုအိမ့်စံ ပြောပြလားတဲ့အကြောင်း….

Zawgyi Font :

အနုပညာလောကရဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်တဲ့ ဆုအိမ့်စံနဲ့ သူရိယတို့ကတော့ (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီ လ(၁၄) ရက်နေ့မှာ စေ့စပ်ခဲ့ကြတဲ့ ဆယ်လီစုံတွဲပါ။ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာပဲ စေ့စပ်ခဲ့ကြတာပါ။ဒါပေမယ့် သြဂုတ်လ (၂၁) ရက်နေ့မှာတော့ သူရိယက Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ  ဆုအိမ့်စံနဲ့ လမ်းခွဲ လိုက်ပြီလို့  ကြေညာ ခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးနဲ့ ပတ်သက်ပြီး ဆုအိမ့်စံက သူမရဲ့ fb စာမျက်နှာပေါ်ကနေ ပြန်ဖြေရှင်းခဲ့ပါတယ်။

Photo : Hsu Eaint San fb
Photo : Hsu Eaint San fb
Photo : Hsu Eaint San fb

သူမရဲ့ ကြေညာချက်မှာတော့ စေ့စပ်ပြီးနောက်ပိုင်းမှာတော့ လက်ထပ်ဖို့ အစီအစဉ်တွေကို သူရိယဘက်ကနေ  ရွှေ့ ဆိုင်းလာကြောင်း၊ နောက်ပိုင်းမှာတော့ သဘောထားတွေ ပြောင်းလဲ လာပြီး စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းဖို့ သူရိယ ဘက်ကနေ တောင်း ဆိုလာခဲ့တယ်လို့ ပြောထားပါတယ်။စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်း တာကလည်း သူမရဲ့ အပြစ်တစ်စုံတစ်ရာမရှိပဲ တစ်ဖက် သတ် ဖျက်သိမ်းမှု ပါလို့ ပြောခဲ့ပါတယ်။တဖက်သတ် ကြေညာခြင်းအတွက်  သူမရဲ့ ဂုဏ်သိက္ခာ နစ်နာမှုများစွာ ရှိခဲ့ကြောင်းနဲ့ အဲ့ဒီ အတွက်  တရားဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်မယ်လို့ ဆုအိမ့်စံ ဘက်ကနေ အတိ အလင်း ကြေညာ ခဲ့ပါတယ်။

Photo : Hsu Eaint San fb
Photo : Hsu Eaint San fb
Photo : Hsu Eaint San fb

“သူရိယ၏ လမ်းခွဲသတင်းအား ဖြေရှင်းချက် ကျွန်မ ဆုအိမ့်စံနှင့် သူရိယသည် လွန်ခဲ့သော နှစ်နှစ်ကျော် ကာလကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ ချစ်သူတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဘက်မိဘများ၏ သဘောတူညီမှုဖြင့် ၁၄.၂.၂၀၁၉ တွင် စေ့စပ်ကြောင်းလမ်းခဲ့ကြပါသည်။

စေ့စပ်ပြီးနောက်ပိုင်း သူရိယအနေဖြင့် လက်ထပ်ရန် အတွက် အစီစဉ်များကို ရွှေ့ဆိုင်းပျက်ကွက်လာကာ သဘောထားများ ပြောင်းလဲ၍ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် သူရိယဘက်မှ တောင်းဆိုလာပါသည်။
ကျွန်မ ဆုအိမ့်စံ အနေဖြင့် ချစ်သူ ဖြစ်စဉ်ကနေ ယနေ့အချိန်ကာလအထိ သူရိယ အပေါ်အား ဖောက်ပြန်ခြင်း သစ္စာမဲ့ခြင်း ကျွန်မ၏ အပြစ် တစုံတရာ မရှိပါဘဲ တဖက်သတ် ဖျက်သိမ်းခြင်းသာ ဖြစ်ပါသည်။

Photo : Hsu Eaint San fb
Photo : Hsu Eaint San fb
Photo : Hsu Eaint San fb

ထို့အတွက်ကြောင့် ကျွန်မ၏ အကျိုးဆောင်မှ တဆင့် မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားချက်အား အတည်ပြုပေးပါရန် ၁၆.၈.၂၀၁၉ တွင် notice စာ ပို့ခဲ့ပါသည်။ အဆိုပါ အကြောင်းကြားစာတွင် ၃၀.၈.၂၀၁၉ ၌ နောက်ဆုံးထား၍ အကြောင်းပြန်ပေးပါရန် ပါရှိပါသည်။

ယနေ့ Myanmar Celebrity page တွင် လမ်းခွဲသည်ဟု ကြေညာခြင်းသည် သူရိယ၏ တဖက်သတ် ကြေညာခြင်းသာ ဖြစ်သည်။ ထိုသို့တဖက်သတ် ကြေညာခြင်းအတွက် ကျွန်မဆုအိမ့်စံတွင် ဂုဏ်သိက္ခာ နစ်နာမှုများစွာ ရှိပါသည်။ ထို့ကြောင့် ကျွန်မ၏ နစ်နာမှုများအတွက် တရားဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဆုအိမ့်စံ…………..” ဆိုပြီး တင်ထားပါတယ်။

သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲဟာ (၂၀၁၉)ဖဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူ များနေ့မှာ စေ့စပ်ခဲ့ပါတယ်။နှစ်ဖက်သောမိဘအသိုင်းအ၀ိုင်းတွေ၊မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ရှေ့မှောက် မှာ စေ့စပ်ခဲ့ကြတာပါ။စေ့စပ်ပွဲမကျင်းပခင်က လူကြီးမိဘစုံရာနဲ့ သူမရဲ့ မိဘတွေဆီကို သူရိယတို့ မိဘတွေက လာပြီးတောင်းရမ်းစေ့စပ်ကြောင်းလမ်းခဲ့ကြပြီး မှ ခမ်းခမ်းနားနား စေ့စပ်ပွဲကျင်းပခဲ့ကြတာပါ။

Source : Hsu Eaint San fb

Photo : Hsu Eaint San fb

Unicode Font :










Source : Hsu Eaint San fb

Photo : Hsu Eaint San fb

 

Comment here