Celebrity

မႏၱေလးမွာအလွႀကီး လွေနတဲ့ မေအးေသာင္း

ပရိသတ္ၾကီးေရ..သရုပ္ေဆာင္ ေအး၀တ္ရည္ေသာင္း ကေတာ့ ပရိသတ္ေတြၾကားမွာ အခ်ိန္အေတာ္ၾကာၾကီး ေပ်ာက္ကြယ္ျပီမွ ဘြားကနဲ႔ ျပန္ေပၚလာခဲ့ျပီး ပရိသတ္ေတြရဲ႕ ရင္ကုိ ျမန္မာဆန္ဆန္အလွေတြ ကုိင္လႈိင္ႏုိင္ခဲ့တဲ့ မင္းသမီးေခ်ာေလး တစ္ေယာက္ျဖစ္သလုိ သရု ပ္ေဆာင္ကာင္း တစ္ေယာက္လည္း ျဖစ္ပါတယ္ မုန္းစဲြရုပ္ရွင္ဇာတ္ကားၾကီး နဲ႔ အမ်ဳိးသမီး ဇာတ္ပုိ႔ဆုကုိ ေနာက္ဆုံးထိ ထင္ေၾကးေပး ခဲ့ရတဲ့ သူမရဲ႕ သရုပ္ေဆာင္ ေကာင္းမႈေတြက သက္ေသပါေနာ္။

Photo Aye Thaung

အႏုပညာအလုပ္ေတြကုိ ဆက္တုိက္ ျပန္လည္ လုပ္ကုိင္ေနတာ ကိုေတြ႕ရပါတယ္ေနာ္။ မေအးေသာင္းက ျမန္မာဆန္ျပီး အျမဲတမ္း လန္းဆန္းမႈေတြအျပည့္နဲ႔ ရင္ခုန္စရာေကာင္းလွတဲ႔ ခႏၵာကိုယ္ အခ်ိဳးအစား ေတြေၾကာင့္ ပုရိသေယာက်ၤားေတြရဲ႕ ၀န္းရံအားေပးမႈကို အျပည့္အ၀ထားပါတယ္။ သူမဟာ တစ္ခ်ိန္က Miss ျပိဳင္ပြဲမွာ ယမင္းကိုကိုက သရဖူေဆာင္းေပးျခင္း ခံခဲ့သူတစ္ဦးျဖစ္ပါတယ္ေနာ္။

Photo Aye Thaung

မၾကာမီက မေအးေသာင္း က ျမဝတီျမိဳ႕ Remax ဆိုင္ဖြင့္ပြဲကို သြားရင္းနဲ႔ ဘားအံၿမိဳ႕မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ ေရႊက်ီးမုန္႔မ်ားကို တာဝန္ရွိသူမ်ားထံ ဝင္ေရာက္လႉဒါန္းခဲ့ပါတယ္။ မေအးေသာင္းက Remax ရဲ႕ Ambassador တစ္ဦးျဖစ္ျပီး ျမ၀တီကိုသြားေနတဲ့ လမ္းမွာ ေရႀကီးမႈေတြျဖစ္ေနလို႔ ပရိသတ္ေတြက မေအးေသာင္းအတြက္ စိုးရိမ္ေနၾကပါတယ္ေနာ္။ မေအးေသာင္း တစ္ေယာက္ ျမ၀တီကို ေကာင္းမြန္စြာေရာက္ရွိျပီး ဆိုင္ဖြင့္ပြဲမွာ ပရိသတ္မ်ားနဲ႔ ရင္းရင္းႏီွးႏွွီး ဓာတ္ပံုမ်ား ရိုက္ကူးခဲ့ပါတယ္။

Photo Aye Thaung

ျမ၀တီကျပန္လာျပီး ေနာက္ထပ္ မေအးေသာင္း မြန္ျပည္နယ္ကို သြားေရာက္ ေရေဘးအတြက္ ထပ္မံသြားေရာက္လွဴဒါန္းခဲ့ပါတယ္။ မေအးေသာင္းက ေရေဘးကျပန္လာျပီး က်န္းမာေရးမေကာင္းျဖစ္ျပီး ေဆးရံုတက္ေရာက္ ကုသခဲ့ရပါတယ္။ ဒီရက္ပုိင္းမွာ မေအးေသာင္း က ပရိသတ္ေတြပို႔သတဲ့ ေမတၱာေတြေၾကာင့္ ေနျပန္ေကာင္းေနျဖစ္တဲ့အတြက္ အလုပ္ျပန္လုပ္ေနျပီျဖစ္ေၾကာင္းကို  အခုလို ေျပာျပထား ပါတယ္။

Photo Aye Thaung

“အမ်ိဳးေတြပို႔သတဲ့ ေမတၱာေၾကာင့္ က်န္းမာပါၿပီရွင့္။ သမာဓိ စိန္ေရႊရတနာဆိုင္ (လား႐ွိဳး) အတြက္ေျကာ္ျငာေလး႐ိုက္ ေနပါတယ္ရွင့္။” ဆုိျပီး အေျခအေနကို ေျပာျပထားပါတယ္။ လက္ရွ္ိမွာ မေအးေသာင္းက မႏၱေလးကို ေရာက္ေနတယ္ လို႔သိရပါတယ္။ “အံ့ဩစရာအခ်ိန္ မႏၲေလးေရာက္ပါၿပီ။ အခ်စ္မရွိေပမဲ့ မႏၲေလးက ေႏြးေထြးဆဲပါ” ဆိုျပီး ခ်စ္စရာေကာင္းလွတဲ့ ပံုေတြနဲ႔အတူ တင္ထားတာေတြ႕ရပါတယ္။ အႏုပညာရွင္ ေတြရဲ႕ ေန႔စဥ္ လႈပ္ရွားမႈ ပုံရိပ္ေလးေတြကုိ သိရွိခံစားႏုိင္ေအာင္လုိ႔ ဇီးကြက္ Page ေလးကုိ Like လုပ္ထားဖုိ႔ ေျပာခဲ့ပါရေစေနာ္ .….……။

Source Aye Thaung

Unicode


မန္တလေးမှာအလှကြီး လှနေတဲ့ မအေးသောင်း
ပရိသတ်ကြီးရေ..သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ ပရိသတ်တွေကြားမှာ အချိန်အတော်ကြာကြီး ပျောက်ကွယ်ပြီမှ ဘွားကနဲ့ ပြန်ပေါ်လာခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ကို မြန်မာဆန်ဆန်အလှတွေ ကိုင်လှိုင်နိုင်ခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်သလို သရုပ်ဆောင် ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး နဲ့ အမျိုးသမီး ဇာတ်ပို့ဆုကို နောက်ဆုံးထိ ထင်ကြေး ပေးခဲ့ရတဲ့ သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေက သက်သေပါနော် အနုပညာအလုပ်တွေကို ဆက်တိုက် ပြန်လည် လုပ်ကိုင်နေတာ ကိုတွေ့ရပါတယ်နော်။ မအေးသောင်းက မြန်မာဆန်ပြီး အမြဲတမ်းလန်းဆန်းမှုတွေအပြည့်နဲ့ ရင်ခုန်စရာကောင်းလှတဲ့ ခန္ဒာကိုယ် အချိုးအစား တွေကြောင့် ပုရိသယောင်္ကျားတွေရဲ့ ဝန်းရံအားပေးမှုကို အပြည့်အဝထားပါတယ်။ သူမဟာ တစ်ချိန်က Miss ပြိုင်ပွဲမှာ ယမင်းကိုကိုက သရဖူဆောင်းပေးခြင်း ခံခဲ့သူတစ်ဦးဖြစ်ပါတယ်နော်။ မကြာမီက မအေးသောင်း က မြဝတီမြို့ Remax ဆိုင်ဖွင့်ပွဲကို သွားရင်းနဲ့ ဘားအံမြို့မှ ရေဘေးသင့်ပြည်သူများအတွက် ရွှေကျီးမုန့်များကို တာဝန်ရှိသူများထံ ဝင်ရောက်လှူဒါန်းခဲ့ပါတယ်။ မအေးသောင်းက Remax ရဲ့ Ambassador တစ်ဦးဖြစ်ပြီး မြဝတီကိုသွားနေတဲ့ လမ်းမှာ ရေကြီးမှုတွေဖြစ်နေလို့ ပရိသတ်တွေက မအေးသောင်းအတွက် စိုးရိမ်နေကြပါတယ်နော်။ မအေးသောင်း တစ်ယောက် မြဝတီကို ကောင်းမွန်စွာရောက်ရှိပြီး ဆိုင်ဖွင့်ပွဲမှာ ပရိသတ်များနဲ့ ရင်းရင်းနှီးနှီး ဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။ မြဝတီကပြန်လာပြီး နောက်ထပ် မအေးသောင်း မွန်ပြည်နယ်ကို သွားရောက် ရေဘေးအတွက် ထပ်မံသွားရောက်လှူဒါန်းခဲ့ပါတယ်။ မအေးသောင်းက ရေဘေးကပြန်လာပြီး ကျန်းမာရေးမကောင်းဖြစ်ပြီး ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။ ဒီရက်ပိုင်းမှာ မအေးသောင်းက ပရိသတ်တွေပို့သတဲ့ မေတ္တာတွေကြောင့် နေပြန်ကောင်းနေဖြစ်တဲ့အတွက် အလုပ်ပြန်လုပ်နေပြီဖြစ်ကြောင်းကို အခုလို ပြောပြထားပါတယ်။ “အမျိုးတွေပို့သတဲ့ မေတ္တာကြောင့် ကျန်းမာပါပြီရှင့်။ သမာဓိ စိန်ရွှေရတနာဆိုင် (လားရှိုး) အတွက်ကြော်ငြာလေးရိုက် နေပါတယ်ရှင့်။” ဆိုပြီး အခြေအနေကို ပြောပြထားပါတယ်။ လက်ရှိမှာ မအေးသောင်းက မန္တလေးကို ရောက်နေတယ် လို့သိရပါတယ်။ “အံ့ဩစရာအချိန် မန္တလေးရောက်ပါပြီ။ အချစ်မရှိပေမဲ့ မန္တလေးက နွေးထွေးဆဲပါ” ဆိုပြီး ချစ်စရာကောင်းလှတဲ့ ပုံတွေနဲ့အတူ တင်ထားတာတွေ့ရပါတယ်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Comment here