Celebrity
Photo Saung Wut Yi May
Photo Saung Wut Yi May
Photo Saung Wut Yi May
Photo Saung Wut Yi May
Photo Saung Wut Yi May
Source Saung Wut Yi May
Unicode
အမိုက်စား စတိုင်နဲ့ တွေ့ရတဲ့ဆောင်းဝတ်ရည်မေ
MRTV 4 ဇာတ်လမ်းတွဲတွေမှာ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ဆောင်းဝတ်ရည်မေ ဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေဟာ ချစ်စဖွယ်အပြုံးလေးတွေနဲ့ စကားရင်အေးချမ်းလှတဲ့ သူမရဲ့ ပုံစံလေးကြောင့် ပရိသတ်တွေက အချစ်ပိုရသူလဲဖြစ်ပါတယ်နော်။ MRTV 4 ဇာတ်လမ်းတွဲ တော်တော်များများမှာ သရုပ်ဆောင်ရင် သူမကို အားပေးတဲ့ပရိသတ်တွေကြောင့် အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ တတ်သစ်စ မင်းသမီးတစ်ဦးအနေနဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မင်းရဲ့ စတင်ရိုက်ကူးဖြစ်တဲ့ “ဝိဉာဉ်ရှိုက်သံ” ဇာတ်ကား ကနေ စတင်ပြီးတော့ ကြယ်စင်ချို ဆိုတဲ့ ကောင်မလေးတစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သတိထာမိလာကား ပရိသတ်တွေလက်ခံအားပေးခြင်း ခံရသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ “ဝင်္ကပါစံအိမ်” “အမုန်းမှသည်” “အချစ်သင်္ကေတ” တို့ဖြစ်ပြီး မကြာမီက MRTV 4 ထုတ်လွင်ပြသခဲ့တဲ့ “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းတွဲတွေမှာလဲ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲလေးကို စင်္ကာပူမှာလဲ ရိုက်ကူးခဲ့တာဖြစ်လို့ ဆောင်းဝတ်ရည်အတွက်တော့ စင်္ကာပူဟာ အမှတ်တရတွေ ပြည့်နေပါတယ်။ ချစ်စရာကောင်းပြီး အေချမ်းလှတဲ့ အပြုံးလေးတွေကြောင့် ဆောင်းဝတ်ရည်မေကို ယောင်္ကျာလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေလဲ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ လတ်တလောမှာ MRTV 4 ကနေထုတ်လွင့်ပြသနေတဲ့ ဆောင်းဝတ်ရည်မေရဲ့ ဇာတ်လမ်းတွဲ အသစ်တစ်ခုဖြစ်တဲ့ ငွေကြာ ဆိုတဲ့ဇာတ်ကောင်နေရာမှာ ငွေကြေးကိုမက်မောသူအနေနဲ့ “နတ်အလိုဂြိုလ်အမ” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင် ထားတွေ့မြင်ရမှာ ဖြစ်ပါတယ်နော်။ ဒီဇာတ်လမ်းတွဲလေးက ဟာသဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးထားပြီး ဟာသရုပ်ဆောင် ကြာဇိနဲ့အတူ အခြားသရုပ်များစွာ ပါဝင်သရုပ်ဆောင်ထား ပါတယ်နော်။ ဆောင်းဝတ်ရည်မေဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင် နေတာတွေ့ရပြီး ရုပ်ရှင်ဇာတ်ကား တွေမှာလဲ တွေ့မြင်လာပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေရဲ့ အမိုက်စား စတိုင် Night out Fashion ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here