Hot News

မျက်မှောက်ခေတ်ပညာရေးကို စိန်ခေါ်လိုက်တဲ့ ဇာတ်ကားကောင်း Raatchasi ရုပ်ရှင်ဇာတ်ကား အကြောင်း…..

Zawgyi Font :

လက်တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကိုလူပြောများနေတဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။ဇာတ်ကား နာမည်ကတော့ Raatchasi ပါ။ဒီဇာတ်ကားကတော့ ပညာရေးနဲ့ မကင်းသူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား   ကောင်းလေးပါ။ကျောင်းဆရာ၊ဆရာမ တွေ ပညာရေးဝန်ထမ်းတွေ ဆိုရင် ပိုပြီးတော့တောင်ကြည့်သင့်ပါတယ်။ကိုယ် တိုင်က  ပညာရေးအသိုင်းအ၀ိုင်းတစ်ယောက်လည်း မဟုတ်ဘူး။ကျောင်းသား၊ကျောင်းသူလည်း မဟုတ်ဖူး ဆိုရင် ရော ဒီကားကို မကြည့်ရတော့ဘူးလား ဆိုရင်တော့ ပိုပြီးတော့တောင် ကြည့်သင့်ပါတယ်။ခေါက်ရိုးကျိုးနေတဲ့ ပညာရေး စနစ်ဟောင်းမှာ ကိုယ့်ရဲ့ အနာဂါတ်မျိုးဆက်တွေကိုပါ ထပ်သတ်နေတာကို မမြင်ချင်တော့ဘူးဆိုသူတိုင်း ကြည့်ကို ကြည့်ရမယ့်ဇာတ်ကားပါ။

Photo : Imbd
Photo : Imbd

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Sy Gowthamraj ကရိုက်ကူးထားတာပါ။တကယ့်ကို  အရသာရှိပြီး အနှစ်သာရ ရှိတဲ့ ဇာတ်ကားကို ဖန်တီးပေးခဲ့တာမို့ ဒီဒါရိုက်တာကိုတော့ ကျေးဇူးတင်သင့်ပါတယ်။ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် တွေ အဖြစ် Jyothika၊Aruldoos၊ Hareesh Peradi၊ Poornima Jayaram…အစရှိတဲ့ သရုပ်ဆောင်တွေ က ပါဝင်သရုပ်ဆောင်ထားတာပါ။ဇာတ် ကောင်နဲ့ လုံးဝကွက်တိကျအောင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ကောင်းလေးပါ။

ခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်းတစ်ခုကို တွန်းလှန်လို့ မရနိုင်တော့ ဘူးလားဆိုရင်တော့ ဒီမေးခွန်းရဲ့ ဖြေကို သိချင်ရင် တော့ ဒီကားကို ကြည့်ရမှာပါ။ဒီဇာတ်ကားထဲမှာတော့ လုံးဝ စုတ်ပြတ်ပျက်စီးနေတဲ့ ကျောင်းတစ်ကျောင်းကို ကျောင်း အုပ်အဖြစ်နဲ့ ပြောင်းလဲတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ စိတ်အား လူအား နဲ့ ဒီလို ပျက်စီး နေတဲ့ အရာကို ပြုပြင်သွားမလဲ ဆိုတာကို ကြည့်ရမှာပါ။အုတ်တံတိုင်းတောင်မှ ကောင်းကောင်းမရှိတဲ့ အပြင်  ကျောင်းသား တွေကလည်း စည်းကမ်းပျက်၊ဆရာ၊ဆရာမတွေကလည်း လက်မှတ်လာထိုးရုံလောက်ပဲ ကျောင်းကို လာ ၊နိုင်ငံတော်က ပေးတဲ့ လစာကို  အချောင်စားနေတဲ့ ကျောင်းတစ်ကျောင်းကို ပြောင်းလဲ ပြမှာပါ။

စာတော်တဲ့ ကျောင်းသားတွေကိုပဲ သင်တတ်တာဟာ ဆရာမဟုတ်ဘူး ဆိုတဲ့ စကားအပါအ၀င် ဒီဇာတ်ကားထဲမှာ ကျောင်းအုပ် အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးပြောတဲ့ စကားလေးတွေကတော့ တော်တော်လေးကို မိုက်ပါတယ်။ဒီလို တွေ ဖြစ်နေတာ ပညာရေးစနစ်မကောင်းလို့ ဆိုပြီး စနစ်ကို အပြစ်ပုံချမနေပဲ ကိုယ်နဲ့လက်လှမ်းမီတဲ့ အရာ၊ကိုယ်ရောက်နေတဲ့ နေရာမှာ အကောင်းဆုံးလုပ်ရင် ရလဒ်ကောင်းတွေ ရလာမယ်ဆိုတာကိုတော့ ဒီဇာတ်ကားက သက်သေပြနေပါတယ်။

Source : Imbd

Photo : Imbd

Unicode Font :





Source : Imbd

Photo : Imbd

Comment here