Health

သင့်ရဲ့ ကျောက်ကပ်မကောင်းတော့ဘူးဆိုတာ ဒီအခြေအနေတွေကို ကြည့်ပြီးသိနိုင်ပါတယ်…..

Zawgyi Font :

တကယ်တော့ ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ အရာတစ်ခု ကောင်းလား၊ ဆိုးလားဆိုတာကို အဲဒါနဲ့ဆိုင်တဲ့ လက္ခဏာတွေမပြမချင်း မသိနိုင်ကြပါဘူး။ အဲဒီလိုပဲ ကိုယ့်ရဲ့ကျောက်ကပ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကိုလည်း အောက်မှာဖော်ပြထားတဲ့အချက်တွေ ပေါ်လာမှပဲ ခန့်မှန်းလို့ရနိုင်မှာပါ။ ကျန်းမာရေးအတွက် သတိထားသင့်တဲ့အချက်တွေပေါ့…။

(၁) ပုံမှန်ဆီးသွားနေကြပမာဏထက် လျော့နည်းလာတာ

(၂) မကြာခဏအသက်ရှူမ၀ပဲဖြစ်တတ်တာ

(၃) ခါးအောက်ဖက်ပိုင်းတွေ နာကျင်ကိုက်ခဲတာ

(၄) ခြေထောက်နဲ့လက်အဆစ်တွေ ရောင်ရမ်းလာတာ

(၅) ခေါင်းခဏခဏကိုက်ပြီး တစ်ကိုယ်လုံးအားမရှိသလို နှုံးနေတာ

(၆) ကောင်းကောင်းအိပ်မပျော်ဖြစ်လာတာ

(၇) သွေးပေါင်ချိန်တွေ တက်လာတတ်တာ

(၈) ခန္ဓာကိုယ်အရေပြားက ကြည်ကြည်လင်လင် မရှိတော့ပဲ အနာလေးတွေဖြစ်လာတာ

စတဲ့အချက်တွေပါပဲ။ ဒီအချက်တွေထဲက တော်တော်များများဟာ သင်ဖြစ်နေတာနဲ့ ကိုက်ညီနေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းတစ်ခုကို အမြန်ဆုံးသွားရောက်ပြီး ဆေးစစ်မှုခံယူသင့်ပါပြီ။

Source : Health Line

Photo : rawpixel

Unicode Font :











Source : Health Line

Photo : rawpixel

Comment here