Hot News

မင်းသားကြီး Jet Li အကြောင်း သင်မသိသေးတဲ့ အချက် (၁၃) ချက်ကို ဖော်ပြလိုက်ပါတယ်….

Zawgyi Font :

အာရှရဲ့ နာမည်ကြီး ဖိုက်တင်မင်းသားကြီး ဂျက်လီကိုတော့ မသိတဲ့ သူ မရှိလောက်ပါဘူး။အခုထိလည်း ပရိသတ်ရဲ့ ချစ်ခင်မှုကို အပြည့်အ၀ကို ရထားတဲ့ မင်းသားတစ်ယောက်ပါ။ဂျက်လီကတော့ တရုတ်ရုပ်ရှင်မင်းသား၊ထုတ်လုပ် သူ တစ်ယောက် ဖြစ်သလို ၀ူရှုး ချန်ပီယံဟောင်းတစ်ယောက်ပါ။ပေကျင်းမှာ မွေးတဲ့ စင်ကာပူနိုင်ငံသား အနုပညာရှင် ပါ။ ဂျက်လီနဲ့ ပတ်သက်ပြီး ပရိသတ်တော်တော်များများ မသိကြတဲ့ အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

1.Bio

Photo : Jet Li IG

ဂျက်လီရဲ့ နာမည်အရင်းကတော့ Li Lianjie ဖြစ်ပြီး April 26, 1963 မှာ မွေးဖွားခဲ့သူပါ။သူ့ရဲ့ နိုင်ငံသားအဖြစ် ခံယူခဲ့တဲ့နိုင်ငံကတော့ (၃)နိုင်ငံပါ။(၂၀၀၃)ခုနှစ်အထိက တရုတ်နိုင်ငံသား၊(၂၀၀၃-၂၀၀၉) အထိက အမေရိကန် နိုင်ငံသား နဲ့ (၂၀၀၉) ကစပြီး စင်ကာပူနိုင်ငံသား အဖြစ် ခံယူထားပါတယ်။ စင်ကာပူရဲ့ ပညာရေး စနစ်က ကောင်းလို့ သမီး တွေ ရဲ့ နောင်ရေးကို မျှော်တွေးပြီး စင်ကာပူနိုင်ငံသားခံယူခဲ့တာပါ။ဂျက်လီကတော့ မွေးချင်းအစ်ကို နှစ်ယောက် အမ နှစ်ယောက်ရှိပြီး သူကတော့ အငယ်ဆုံးကလေးပါ။သူ့အသက် (၂)နှစ်မှာ ဖခင်ဖြစ်သူက ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ ငယ်ဘ၀ ကတော့ ဆင်းဆင်းရဲရဲနေခဲ့ရပါတယ်။

2.၀ူရှူးပါရမီရှင်

Photo : Jet Li IG

အသက် (၈)နှစ်မှာတော့ ၀ူရူးအားကစားမှာ ပါရမီပါတာကို သတိထားမိခဲ့ပါတယ်။အဲ့ဒီမှာပဲ  ကျောင်းက နွေရာသီ ၀ူရှုး သင်တန်းတွေကို တက်ရောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ ပေကျင်းဝူရှူး အသင်းမှာ ပါဝင် ခဲ့ပါတယ်။နာမည် ကြီး ၀ူရှူးနည်းပြ တွေ ဖြစ်တဲ့ Li Junfeng နဲ့  Wu Bin တို့က ဂျက်လီကို ဂရုတစိုက်နဲ့ လက်တွဲ ခေါ် ခဲ့ ကြတာပါ။Wu Bin က ဆိုရင် ဂျက်လီရဲ့ မိသားစုက ဆင်းရဲတော့ အသားဝယ်ဖို့ မတတ်နိုင်မှန်းသိလို့ စားစရာတွေ ၀ယ်ပေး တဲ့ အထိ ကူညီပေးခဲ့ဖူးပါတယ်။ဂျက်လီကလည်း လူသာငယ်ပေမယ့် ပညာမငယ်ပဲ သူ့ထက်အသက်ကြီးတဲ့ ၀ူရှုး ကစားသမား တွေကိုပါ အနိုင်ယူခနိုင်ခဲ့ပါတယ်။တရုတ်ဝူရှူး ချန်ပီယံ ပြိုင်ပွဲ တွေမှာ နိုင်ပွဲတွေ ဆက်ခဲ့ပြီး ရွှေ တံဆိပ် (၁၅)ဆု နဲ့ ငွေ တစ်ဆု ယူပေးနိုင်ခဲ့ပါတယ်။

3.အနုပညာလောကထဲ ရောက်ရှိလာပုံ

သမီးချောလေးတွေ ရှိတဲ့ မင်းသားကြီးဂျက်လီ ကတော့ အားကစားလောကမှာ အရမ်းနာမည်ကြီးလာရင်းနဲ့ အနုပညာေ လာကထဲကိုပါ ရောက်လာခဲ့တာပါ။ကိုယ်ခံပညာရပ်ကို ကျွမ်းကျင်တဲ့ အနုပညာရှင် ဖိုက်တင်မင်းသား အဖြစ်နဲ့ ဒီလောကထဲ ကို ရောက်လာခဲ့တာပါ။တရုတ်ပြည်မ ကြီး ကနေမှ ဟောင်ကောင်အထိ အောင်မြင်ခဲ့တာပါ။သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကတော့ Shaolin Temple ပါ။သူ့ရဲ့ နာမည်ရင်းက ခေါ်ရတာခက်လို့ ဂျက်လီဆိုပြီး အနုပညာနာမည်ပေးခဲ့တာပါ။

4. ဇနီးဖြစ်သူ ကြောင့် “Crouching Tiger, Hidden Dragon,”   မှာ ပါဝင်ဖို့ ငြင်းဆန်

Photo : Jet Li IG

ဂျက်လီမှာက ဇနီးနှစ်ယောက်ရှိပါတယ်။Huang Qiuyan (1987  1990) နဲ့  Nina Li Chi (m. 1999) တို့ပါ။ Nina ကတော့  ဟောင်ကောင်မင်းသမီး ဟောင်းတစ်ယောက်ပါ။Huang Qiuyan ကတော့ ပေကျင်းဝူရှူး အဖွဲ့ဝင်တစ်ယောက်ပါ။သူမကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ အလုပ်မလုပ်ဖို့ တောင်းဆို ထားတဲ့ အတွက်  “Crouching Tiger, Hidden Dragon,”  မှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆို ခဲ့ တာပါ။ဂျက်လီ ကတော့ “Kiss The Dragon,”  ဆိုတဲ့ ဇာတ်ကားမှာလည်း ရဲတစ်ယောက် အဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။ဒီဇာတ်ကားကိုတော့ တရုတ်မှာ အဘန်းခံခဲ့ရပါတယ်။

5.ဘာသာရေးကိုင်းရှိုင်းသူ

Photo : Jet Li IG

ဂျက်လီက Tibetan Buddhism တစ်ယောက်ပါ။ဘ၀ရဲ့ အခက်အခဲ တွေကို ဘာသာရေးဆိုင်ရာ အယူအဆ အတွေးအခေါ်တွေရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်တယ်လို့ အပြည့်အ၀ လက်ခံယုံကြည်ထားသူပါ။

6.ပထမဆုံး ဟောလိဝုဒ် ပွဲဦးထွက်ဇာတ်ကား

Photo : Jet Li IG

ဂျက်လီရဲ့ ပထမဆုံး ဟောလိဝုဒ် ပွဲဦးထွက် ဇာတ်ကားကတော့ “Lethal Weapon 4” (1998) ပါ။ဒီကား မှာတော့ ဗီလိန် အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ဒီကားကိုတော့ ဒါရိုက်တာ Richard Donner က ရိုက်ကူးခဲ့ တာပါ။ဒီ ကားကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပထမဆုံး ဗီလိန် ဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့ ဇာတ်ကားပါ။ ပထမဆုံး ဟောလိဝုဒ် ပွဲဦးထွက် ဇာတ်ကားသာ ရိုက်ခဲ့ရပေမယ့်အင်္ဂလိပ်စကားက ‘Good Morning,’ ‘Thank you,’  လောက်ပဲ ပြောတတ်တာပါ။ဂျက်လီဟာ အင်္ဂလိပ်စကားပြော မတော်ပေမယ့်  “Romeo Must Die,” ဆိုတဲ့ ဇာတ်ကားထဲမှာဆိုရင်လည်း အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင် ချက်တွေ ကို ပရိသတ်တွေက ချီးကျူး အားရခဲ့ပါတယ်။

7.ကင်မရာနဲ့ တောင် လိုက်ရိုက်ဖို့ မမီတဲ့ လှုပ်ရှားမှုပိုင်ရှင်

Photo : Jet Li IG

ဖိုက်တင်ခန်းတွေ မှာ တကယ့်ကို ပိုင်နိုင်လွန်းတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ဂျက်လီရဲ့ အနုပညာ ဖိုက်တင် အစွမ်း ကတော့ အံ့မခန်းပါ။“Lethal Weapon 4,”  ဇာတ်ကားထဲက ဖိုက်တင်ခန်းတွေမှာဆိုရင် သူ့ရဲ့ လှုပ်ရှားမှုတွေ က အရမ်းကို မြန်ဆန်လွန်းလို့ ကင်မရာက လိုက်ရိုက်လို့တောင် မမီနိုင်တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ဒါကြောင့် ဒါရိုက်တာ ကိုယ်တိုင်ကပါ ဖိုက်တင်ခန်းတွေကို  နှေးနှေးလေး ပြန်သရုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ရပါတယ်။

8.“Lethal Weapon 4,”  ကို ဂျက်ကီချန်းကို အရင်ကမ်းလှမ်းခဲ့

Photo : Jet Li IG

ဂျက်လီကတော့  “Lethal Weapon 4,”  မှာ Wah Sing Ku ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင် ခဲ့တာပါ။တကယ်တော့ ဒီဇာတ်ကားမှာ သရုပ်ဆောင်ပေးဖို့ ဂျက်ကီချန်းကို အရင်ကမ်းလှမ်းခဲ့တာပါ။.ဒါပေမယ့် ဂျက်ကီ ချန်းက ဗီလိန်နေရာက သရုပ်မဆောင်ချင်ဘူးဆိုပြီး ငြင်းခဲ့လို့ ဂျက်လီက သရုပ်ဆောင်ခွင့်ရခဲ့တာပါ။

9.နှာခေါင်းက အမာရွတ်ရဲ့ သမိုင်းကြောင်း

Photo : Jet Li IG

ဂျက်လီရဲ့ နှာခေါင်းက အမာရွတ်ကိုတော့ အားလုံးလည်း သိကြမှာပါ။အဲ့ဒီအမာရွတ်ကတော့ “Born to Defenc e.” မှာ  ဖိုက်တင် Boxing ခန်းတွေ သရုပ်ဆောင်ရင်းနဲ့ နှာခေါင်းကျိုးသွားခဲ့ပြီး ရခဲ့တာပါ။

10.မိန်းကလေးတွေနဲ့ ပတ်သက်လာရင် အရှက်ကြီးလွန်းသူ

Photo : Jet Li IG

ဖိုက်တင်ခန်းတွေမှာဆိုရင်တော့ ဘယ်သူတွေနဲ့ ဘယ်လိုတွေပဲ ဖိုက်ရဖိုက်ရ အေးဆေး ဖြစ်ခဲ့တဲ့ သူရဲ ကောင်းကြီး ဂျက်လီမှာတော့ အားနည်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ မိန်းကလေးမြင်ရင်ရှက်တတ်တာပါ။မိန်းကလေး တစ်ယောက် သူ့ အနားကို ကပ်လာရင် အရမ်းရှက်ပြီး မျက်နှာကြီးနီလာတတ်တာကိုတော့ ဂျက်လီရဲ့အကျင့် တစ်ခုပါ။

11. “Once Upon a Time in China – 2”  ဇာတ်ကားအမှတ်တရ

Photo : Jet Li IG

ဘယ်ဇာတ်ကားပဲ ရိုက်ရိုက် ခန္ဓာကိုယ်ကို လုံးဝ မညှာပဲ ရိုက်တဲ့ တကယ့် ဖိုက်တင်မင်းသား တစ်ယောက်ပါ။ဂျက်လလီဟာ “Once Upon a Time in China – 2”  ဇာတ်ကားမှာ ဆိုရင်လည်း နောက်ဆုံး ဖိုက်တင် ဇာတ်ဝင်ခန်းကို ဒူးမှာပလာစတာ ကပ်ပြီး ရိုက်ခဲ့ ရတာပါ။လက်ဖက်ရည်ဆိုင်ကနေ ထီးနဲ့ခုန်ချ တဲ့ အခန်းမှာ ဒူးခေါင်း ထိခိုက် သွားခဲ့ ရတာပါ။

12.ဂျက်လီ စိတ်ဘ၀င်မကျတဲ့ ဇာတ်ကား

Photo : Jet Li IG

အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀မှာ သူစိတ်တိုင်းမကျတဲ့ ဇာတ်ကားတစ်ကားကတော့ အနည်းဆုံး ရှိပါတယ်။ဂျက်လလီ မှာလည်း သူသရုပ်ဆောင်ခဲ့ပေမယ့် အားမရ ဘ၀င်မကျတဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။အဲ့ဒါကတော့ (2007) က War ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အားမရ ဘူးလို့ အင်တာဗျူးတွေ တိုင်းမှာ ဖြေခဲ့ပါတယ်။

13.ဂျက်လီရဲ့ ကျန်းမာရေး

Photo : Jet Li IG

အသက်(၅၆) နှစ်ရှိပြီဖြစ်တဲ့ ဂျက်လီဟာ သိုင်းရွိုက်ရောဂါတစ်မျိုးကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရပါတယ်။လွန်ခဲ့တဲ့ (၁) နှစ်ကျော်တုန်းကလည်း ကျန်းမာရေးချို့ယွင်းနေပြီး အဖိုးအိုကြီးတစ်ယောက်လို ပြောင်းလဲသွားတဲ့  သူရဲ့ဓာတ်ပုံဟာ အွန်လိုင်းပေါ်မှာ လူပြောများခဲ့ပါတယ်။ပရိသတ်တွေက ဂျက်လီရဲ့ ကျန်းမာ ရေးကို အရမ်းစိတ်ပူခဲ့ကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျက်လီဟာ ကျန်းမာရေးအတော်ကောင်းလာပုံရပြီး မကြာသေးခင်က ထွက်ပေါ် လာတဲ့ ပုံမှာတော့ နုပျိုလန်းဆန်းတဲ့ သူ့ရဲ့ ပုံကို တွေ့ခဲ့ရပါတယ်။(2020) မတ် (၂၇) မှာ ထွက်ရှိလာမယ့် Mulan ဇာတ်ကားထဲမှာတော့ ဂျက်လီကို မြင်တွေ့ရအုံးမှာပါ။ဒီကားမှာတော့ Liu Yifei ၊ Donnie Yen ၊ Jason Scott ၊Lee Yoson An  နဲ့ Gong Li တို့လည်း ပါဝင်ထားပါတယ်။

Source : Wikipedia and kungfun

Photo : Jet Li IG

Unicode Font :


1.Bio


























Source : Wikipedia and kungfun

Photo : Jet Li IG

Comment here