Hot News

Prince Eric နေရာကနေ သရုပ်ဆောင်ဖို့ကို ငြင်းလိုက်တဲ့ Harry Styles အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

Harry Styles ကတော့ Disney ရဲ့ နာမည်ကျော် ကာတွန်းရုပ်ရှင်ဖြစ်တဲ့ Little Mermaid ဇာတ်ကားမှာ  Prince Ericနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ကို ငြင်းလိုက်ပြီဖြစ်ပါတယ်။

Harry Styles ကတော့ Little Mermaid  ကာတွန်းရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပေမဲ့လည်း သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတာကို လေးလေးစားစားပဲ ငြင်းဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Photo : descendantsthree IG
Photo : descendantsthree IG

Disney ကတော့ Prince Ericနေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် နောက်တစ်ယောက်ကို ရှာနေပြီဖြစ်တယ်လို့လည်း သတင်းတွေအရသိရပါတယ်။ Little Mermaid ရုပ်ရှင်ကားမှာတော့ Alan Menken နဲ့ Howard Ashmanတို့ သီဆိုထားတဲ့ ၁၉၈၉ ခုနှစ်က ဂန္တဝင်သီချင်းတွေပါဝင်မှာဖြစ်ပြီး သီချင်းအသစ်တွေလည်းပါမှာဖြစ်ပါတယ်။ ရေသူမလေး Ariel ရဲ့နေရာမှာတော့  Halle Bailey က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Ursulaရဲ့ နေရာမှာတော့ Melissa McCarthy တို့ကပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုကိုတော့ ၂၀၂၀ အစောပိုင်းလောက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Source : CNN

Photo : descendantsthree IG

Unicode Font :




Source : CNN

Photo : descendantsthree IG

 

Comment here